အကြောင်းအရာသို့ ကျော်သွားရန်

circa 1900–1700 BC

Jacob, Joseph & Egypt

Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.

840 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 33:8ခရစ်တော် မပေါ်မီ 1739 ခန့်

    ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟု မေး လျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော၏။

  2. ကမ္ဘာဦးကျမ်း 33:9ခရစ်တော် မပေါ်မီ 1739 ခန့်

    ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။

  3. ကမ္ဘာဦးကျမ်း 33:10ခရစ်တော် မပေါ်မီ 1739 ခန့်

    ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင် ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။

  4. ကမ္ဘာဦးကျမ်း 33:11ခရစ်တော် မပေါ်မီ 1739 ခန့်

    ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏ မင်္ဂလာကိုခံယူတော်မူပါ။ဘုရားသခင်သည်၊ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌ လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။

  5. ကမ္ဘာဦးကျမ်း 33:12ခရစ်တော် မပေါ်မီ 1739 ခန့်

    ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊

  6. ကမ္ဘာဦးကျမ်း 33:13ခရစ်တော် မပေါ်မီ 1739 ခန့်

    ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော်၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင်လွန် လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။

  7. ကမ္ဘာဦးကျမ်း 33:14ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာ စိရပြည်သို့ ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။

  8. ကမ္ဘာဦးကျမ်း 33:15ခရစ်တော် မပေါ်မီ 1739 ခန့်

    ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ ပါသော သူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်း ရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊

  9. ကမ္ဘာဦးကျမ်း 33:16ခရစ်တော် မပေါ်မီ 1739 ခန့်

    ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား၍ ပြန်လေ၏။

  10. ကမ္ဘာဦးကျမ်း 33:17ခရစ်တော် မပေါ်မီ 1739 ခန့်

    ယာကုပ်လည်း၊ သုကုတ်အရပ်သို့ ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။

  11. ကမ္ဘာဦးကျမ်း 33:18ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။

  12. ကမ္ဘာဦးကျမ်း 33:19ခရစ်တော် မပေါ်မီ 1739 ခန့်

    တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။

  13. ကမ္ဘာဦးကျမ်း 33:20ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။

  14. ကမ္ဘာဦးကျမ်း 34:1ခရစ်တော် မပေါ်မီ 1732 ခန့်

    ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊

  15. ကမ္ဘာဦးကျမ်း 34:2ခရစ်တော် မပေါ်မီ 1732 ခန့်

    ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။

  16. ကမ္ဘာဦးကျမ်း 34:3ခရစ်တော် မပေါ်မီ 1732 ခန့်

    နောက်မှ သူ့ကိုချစ်သော စိတ်မကုန်၊ အမြဲ ချစ်၍၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။

  17. ကမ္ဘာဦးကျမ်း 34:4ခရစ်တော် မပေါ်မီ 1732 ခန့်

    ခမည်းတော်ဟာမော်ထံသို့လည်း ဝင်၍၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။

  18. ကမ္ဘာဦးကျမ်း 34:5ခရစ်တော် မပေါ်မီ 1732 ခန့်

    ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။

  19. ကမ္ဘာဦးကျမ်း 34:6ခရစ်တော် မပေါ်မီ 1732 ခန့်

    ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊

  20. ကမ္ဘာဦးကျမ်း 34:7ခရစ်တော် မပေါ်မီ 1732 ခန့်

    ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။

  21. ကမ္ဘာဦးကျမ်း 34:8ခရစ်တော် မပေါ်မီ 1732 ခန့်

    ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ၏။ ထိမ်းမြားပေးစားကြပါလော့။

  22. ကမ္ဘာဦးကျမ်း 34:9ခရစ်တော် မပေါ်မီ 1732 ခန့်

    သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့။

  23. ကမ္ဘာဦးကျမ်း 34:10ခရစ်တော် မပေါ်မီ 1732 ခန့်

    သင်တို့သည် ငါတို့နှင့်အတူနေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။

  24. ကမ္ဘာဦးကျမ်း 34:11ခရစ်တော် မပေါ်မီ 1732 ခန့်

    ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။တောင်းသမျှကို ပေးပါမည်။

  25. ကမ္ဘာဦးကျမ်း 34:12ခရစ်တော် မပေါ်မီ 1732 ခန့်

    ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင် ပေးပါမည်။ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလေ၏။