အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 34:14ခရစ်တော် မပေါ်မီ 1452 ခန့်

    ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။

  2. တောလည်ရာကျမ်း 34:15ခရစ်တော် မပေါ်မီ 1452 ခန့်

    ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။

  3. တောလည်ရာကျမ်း 34:16ခရစ်တော် မပေါ်မီ 1452 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊

  4. တောလည်ရာကျမ်း 34:17ခရစ်တော် မပေါ်မီ 1452 ခန့်

    အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊

  5. တောလည်ရာကျမ်း 34:18ခရစ်တော် မပေါ်မီ 1452 ခန့်

    ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။

  6. တောလည်ရာကျမ်း 34:19ခရစ်တော် မပေါ်မီ 1452 ခန့်

    ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။

  7. တောလည်ရာကျမ်း 34:20ခရစ်တော် မပေါ်မီ 1452 ခန့်

    ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။

  8. တောလည်ရာကျမ်း 34:21ခရစ်တော် မပေါ်မီ 1452 ခန့်

    ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။

  9. တောလည်ရာကျမ်း 34:22ခရစ်တော် မပေါ်မီ 1452 ခန့်

    ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။

  10. တောလည်ရာကျမ်း 34:23ခရစ်တော် မပေါ်မီ 1452 ခန့်

    ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။

  11. တောလည်ရာကျမ်း 34:24ခရစ်တော် မပေါ်မီ 1452 ခန့်

    ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။

  12. တောလည်ရာကျမ်း 34:25ခရစ်တော် မပေါ်မီ 1452 ခန့်

    ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။

  13. တောလည်ရာကျမ်း 34:26ခရစ်တော် မပေါ်မီ 1452 ခန့်

    ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။

  14. တောလည်ရာကျမ်း 34:27ခရစ်တော် မပေါ်မီ 1452 ခန့်

    အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။

  15. တောလည်ရာကျမ်း 34:28ခရစ်တော် မပေါ်မီ 1452 ခန့်

    နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။

  16. တောလည်ရာကျမ်း 34:29ခရစ်တော် မပေါ်မီ 1452 ခန့်

    ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။

  17. တောလည်ရာကျမ်း 35:1ခရစ်တော် မပေါ်မီ 1451 ခန့်

    မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊

  18. တောလည်ရာကျမ်း 35:2ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။

  19. တောလည်ရာကျမ်း 35:3ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။

  20. တောလည်ရာကျမ်း 35:4ခရစ်တော် မပေါ်မီ 1451 ခန့်

    လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။

  21. တောလည်ရာကျမ်း 35:5ခရစ်တော် မပေါ်မီ 1451 ခန့်

    မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။

  22. တောလည်ရာကျမ်း 35:6ခရစ်တော် မပေါ်မီ 1451 ခန့်

    လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။

  23. တောလည်ရာကျမ်း 35:7ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။

  24. တောလည်ရာကျမ်း 35:8ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။

  25. တောလည်ရာကျမ်း 35:9ခရစ်တော် မပေါ်မီ 1451 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊