အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရိမ္မုန်ဖါရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စားခန်းချကြ၏။

  2. လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စားခန်း ချကြ၏။

  3. ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စားခန်းချကြ၏။

  4. ကေဟလာသအရပ်မှပြောင်း၍ ရှာဖါတောင်၌ စားခန်းချကြ၏။

  5. ရှာဖါတောင်မှပြောင်း၍ ဟာရဒအရပ်၌ စားခန်းချကြ၏။

  6. ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စားခန်းချကြ၏။

  7. မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စားခန်းချကြ၏။

  8. တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စားခန်းချကြ၏။

  9. တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စားခန်းချကြ၏။

  10. မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စားခန်းချကြ၏။

  11. ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ် အရပ်၌ စားခန်းချကြ၏။

  12. မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ၏။

  13. ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချကြ၏။

  14. ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌ စားခန်းချကြ၏။

  15. ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။

  16. ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ၏။

  17. ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စားခန်းချကြ၏။

  18. ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာ ဟောရတောင်၌ စားခန်းချကြ၏။

  19. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဉ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။

  20. အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။

  21. ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ၏။

  22. သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလ မောနအရပ်၌ စားခန်းချကြ၏။

  23. ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စားခန်းချကြ၏။

  24. ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်း ချကြ၏။

  25. ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။