အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တောလည်ရာကျမ်း 35:10ခရစ်တော် မပေါ်မီ 1451 ခန့်

    သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ၊

  2. တောလည်ရာကျမ်း 35:11ခရစ်တော် မပေါ်မီ 1451 ခန့်

    လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှိခိုရာမြို့တို့ကို ရွေးထားရမည်။

  3. တောလည်ရာကျမ်း 35:12ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။

  4. တောလည်ရာကျမ်း 35:13ခရစ်တော် မပေါ်မီ 1451 ခန့်

    လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊

  5. တောလည်ရာကျမ်း 35:14ခရစ်တော် မပေါ်မီ 1451 ခန့်

    ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။

  6. တောလည်ရာကျမ်း 35:15ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။

  7. တောလည်ရာကျမ်း 35:16ခရစ်တော် မပေါ်မီ 1451 ခန့်

    သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။

  8. တောလည်ရာကျမ်း 35:17ခရစ်တော် မပေါ်မီ 1451 ခန့်

    လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။

  9. တောလည်ရာကျမ်း 35:18ခရစ်တော် မပေါ်မီ 1451 ခန့်

    လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။

  10. တောလည်ရာကျမ်း 35:19ခရစ်တော် မပေါ်မီ 1451 ခန့်

    သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။

  11. တောလည်ရာကျမ်း 35:20ခရစ်တော် မပေါ်မီ 1451 ခန့်

    သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊

  12. တောလည်ရာကျမ်း 35:21ခရစ်တော် မပေါ်မီ 1451 ခန့်

    သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။

  13. တောလည်ရာကျမ်း 35:22ခရစ်တော် မပေါ်မီ 1451 ခန့်

    သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော်၎င်း၊

  14. တောလည်ရာကျမ်း 35:23ခရစ်တော် မပေါ်မီ 1451 ခန့်

    သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊

  15. တောလည်ရာကျမ်း 35:24ခရစ်တော် မပေါ်မီ 1451 ခန့်

    ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊

  16. တောလည်ရာကျမ်း 35:25ခရစ်တော် မပေါ်မီ 1451 ခန့်

    သတ်သောသူကို သေစားသေစေသောသူ၏ လက်မှ နှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။

  17. တောလည်ရာကျမ်း 35:26ခရစ်တော် မပေါ်မီ 1451 ခန့်

    လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊

  18. တောလည်ရာကျမ်း 35:27ခရစ်တော် မပေါ်မီ 1451 ခန့်

    သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။

  19. တောလည်ရာကျမ်း 35:28ခရစ်တော် မပေါ်မီ 1451 ခန့်

    အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။

  20. တောလည်ရာကျမ်း 35:29ခရစ်တော် မပေါ်မီ 1451 ခန့်

    ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။

  21. တောလည်ရာကျမ်း 35:30ခရစ်တော် မပေါ်မီ 1451 ခန့်

    လူအသက်ကို သတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ။

  22. တောလည်ရာကျမ်း 35:31ခရစ်တော် မပေါ်မီ 1451 ခန့်

    အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။

  23. တောလည်ရာကျမ်း 35:32ခရစ်တော် မပေါ်မီ 1451 ခန့်

    မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍ နေမည် အကြောင်း၊ အရွေးငွေကို မခံမယူရ။

  24. တောလည်ရာကျမ်း 35:33ခရစ်တော် မပေါ်မီ 1451 ခန့်

    ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။

  25. တောလည်ရာကျမ်း 35:34ခရစ်တော် မပေါ်မီ 1451 ခန့်

    ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။