- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ယေရမိမြည်တမ်းစကား 3:7ခရစ်တော် မပေါ်မီ 588 ခန့်
ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
- ယေရမိမြည်တမ်းစကား 3:8ခရစ်တော် မပေါ်မီ 588 ခန့်
ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။
- ယေရမိမြည်တမ်းစကား 3:9ခရစ်တော် မပေါ်မီ 588 ခန့်
ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
- ယေရမိမြည်တမ်းစကား 3:10ခရစ်တော် မပေါ်မီ 588 ခန့်
ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ် တော်မူ၏။
- ယေရမိမြည်တမ်းစကား 3:11ခရစ်တော် မပေါ်မီ 588 ခန့်
ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။
- ယေရမိမြည်တမ်းစကား 3:12ခရစ်တော် မပေါ်မီ 588 ခန့်
လေးတော်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။
- ယေရမိမြည်တမ်းစကား 3:13ခရစ်တော် မပေါ်မီ 588 ခန့်
မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ၏။
- ယေရမိမြည်တမ်းစကား 3:14ခရစ်တော် မပေါ်မီ 588 ခန့်
ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။
- ယေရမိမြည်တမ်းစကား 3:15ခရစ်တော် မပေါ်မီ 588 ခန့်
ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူး စေတော်မူ၏။
- ယေရမိမြည်တမ်းစကား 3:16ခရစ်တော် မပေါ်မီ 588 ခန့်
ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော် မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။
- ယေရမိမြည်တမ်းစကား 3:17ခရစ်တော် မပေါ်မီ 588 ခန့်
ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏။
- ယေရမိမြည်တမ်းစကား 3:18ခရစ်တော် မပေါ်မီ 588 ခန့်
သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။
- ယေရမိမြည်တမ်းစကား 3:19ခရစ်တော် မပေါ်မီ 588 ခန့်
အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။
- ယေရမိမြည်တမ်းစကား 3:20ခရစ်တော် မပေါ်မီ 588 ခန့်
ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။
- ယေရမိမြည်တမ်းစကား 3:21ခရစ်တော် မပေါ်မီ 588 ခန့်
ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။
- ယေရမိမြည်တမ်းစကား 3:22ခရစ်တော် မပေါ်မီ 588 ခန့်
ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
- ယေရမိမြည်တမ်းစကား 3:23ခရစ်တော် မပေါ်မီ 588 ခန့်
နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
- ယေရမိမြည်တမ်းစကား 3:24ခရစ်တော် မပေါ်မီ 588 ခန့်
ငါ့ဝိညာဉ်၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော် ကို ငါမြော်လင့်ပါ၏။
- ယေရမိမြည်တမ်းစကား 3:25ခရစ်တော် မပေါ်မီ 588 ခန့်
ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။
- ယေရမိမြည်တမ်းစကား 3:26ခရစ်တော် မပေါ်မီ 588 ခန့်
ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။
- ယေရမိမြည်တမ်းစကား 3:27ခရစ်တော် မပေါ်မီ 588 ခန့်
လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။
- ယေရမိမြည်တမ်းစကား 3:28ခရစ်တော် မပေါ်မီ 588 ခန့်
ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။
- ယေရမိမြည်တမ်းစကား 3:29ခရစ်တော် မပေါ်မီ 588 ခန့်
မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
- ယေရမိမြည်တမ်းစကား 3:30ခရစ်တော် မပေါ်မီ 588 ခန့်
ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ။
- ယေရမိမြည်တမ်းစကား 3:31ခရစ်တော် မပေါ်မီ 588 ခန့်
အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။