အကြောင်းအရာသို့ ကျော်သွားရန်

circa 605–538 BC

The Babylonian Exile

Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.

1,784 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဇကျေလအနာဂတ္တိကျမ်း 1:1ခရစ်တော် မပေါ်မီ 595 ခန့်

    သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခါနိမင်းကြီး နန်းကျပဉ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊

  2. ယေဇကျေလအနာဂတ္တိကျမ်း 1:2ခရစ်တော် မပေါ်မီ 595 ခန့်

    မိုဃ်းကောင်းကင်ပွင့်၍ ဘုရားသခင်၏ဗျာဒိတ် ရူပါရုံတို့ကို မြင်ရ၏။

  3. ယေဇကျေလအနာဂတ္တိကျမ်း 1:3ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။

  4. ယေဇကျေလအနာဂတ္တိကျမ်း 1:4ခရစ်တော် မပေါ်မီ 595 ခန့်

    ငါကြည့်ရှု၍၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ၏။

  5. ယေဇကျေလအနာဂတ္တိကျမ်း 1:5ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ပုံသဏ္ဍန်ကိုဆောင်၍၊

  6. ယေဇကျေလအနာဂတ္တိကျမ်း 1:6ခရစ်တော် မပေါ်မီ 595 ခန့်

    မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီ ရှိကြ၏။

  7. ယေဇကျေလအနာဂတ္တိကျမ်း 1:7ခရစ်တော် မပေါ်မီ 595 ခန့်

    ခြေထောက်သည် ဖြောင့်သေည ခြေထောက်ဖြစ်၏။ ခြေဘဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နျာအတောင်အောက်၌ လူလက်ရှိ၏။

  8. ယေဇကျေလအနာဂတ္တိကျမ်း 1:8ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း ပြည့်စုံကြ၏။

  9. ယေဇကျေလအနာဂတ္တိကျမ်း 1:9ခရစ်တော် မပေါ်မီ 595 ခန့်

    အတောင်ချင်းတခုနှင့်တခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။

  10. ယေဇကျေလအနာဂတ္တိကျမ်း 1:10ခရစ်တော် မပေါ်မီ 595 ခန့်

    မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ျာဘက်၌ လူမျက်နှာ၊ ခြင်္သေ့ မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌နွားမျက်နှာ၊ ရွှေလင်းတ မျက်နှင်နှင့်၎င်း ပြည့်စုံကြ၏။

  11. ယေဇကျေလအနာဂတ္တိကျမ်း 1:11ခရစ်တော် မပေါ်မီ 595 ခန့်

    အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်းစပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက် ရှိကြ၏။

  12. ယေဇကျေလအနာဂတ္တိကျမ်း 1:12ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည် အတိုင်း သွားကြ၏။ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ၏။

  13. ယေဇကျေလအနာဂတ္တိကျမ်း 1:13ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသတ္တဝါတို့၏ အဆင်းအရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့်တူ၏။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြား လှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။

  14. ယေဇကျေလအနာဂတ္တိကျမ်း 1:14ခရစ်တော် မပေါ်မီ 595 ခန့်

    သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက်ရှိကြ၏။

  15. ယေဇကျေလအနာဂတ္တိကျမ်း 1:15ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတခုစီ ထင်ရှား၏။

  16. ယေဇကျေလအနာဂတ္တိကျမ်း 1:16ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူ၏။ ထိုလေးခုတို့ သည် အဆင်းအရောင်တညီတည်း ရှိကြ၏။ ပုံသဏ္ဍာန်မူ ကား၊ ဘီးတခုအထဲ၌ ဘီးတခုတပ်သကဲ့သို့ဖြစ်၏။

  17. ယေဇကျေလအနာဂတ္တိကျမ်း 1:17ခရစ်တော် မပေါ်မီ 595 ခန့်

    သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲသွားတတ်ကြ၏။

  18. ယေဇကျေလအနာဂတ္တိကျမ်း 1:18ခရစ်တော် မပေါ်မီ 595 ခန့်

    ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဘွယ် ဖြစ်ကြ၏။ ထိုလေးပါးတို့သည်မျက်စိနှင့်ပြည့်ကြ၏။

  19. ယေဇကျေလအနာဂတ္တိကျမ်း 1:19ခရစ်တော် မပေါ်မီ 595 ခန့်

    သတ္တဝါတို့သည် သွားသောအခါ၊ ဘီးတို့သည် လည်း ထက်ကြပ်ပါကြ၏။

  20. ယေဇကျေလအနာဂတ္တိကျမ်း 1:20ခရစ်တော် မပေါ်မီ 595 ခန့်

    သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သော အခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော် သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍ လိုက်ကြ ၏။ သတ္တဝါတို့၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။

  21. ယေဇကျေလအနာဂတ္တိကျမ်း 1:21ခရစ်တော် မပေါ်မီ 595 ခန့်

    သူတို့သွားသောအခါဘီးတို့သည်သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက်၍လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ဝိညာဉ်တော်သည် ဘီးတို့၌ရှိ၏။

  22. ယေဇကျေလအနာဂတ္တိကျမ်း 1:22ခရစ်တော် မပေါ်မီ 595 ခန့်

    ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုဃ်း မျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက် ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ်၏။

  23. ယေဇကျေလအနာဂတ္တိကျမ်း 1:23ခရစ်တော် မပေါ်မီ 595 ခန့်

    မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင် များသည် တခုသို့တခုတည့်တည့်ပြန့်လျက်ရှိ၍၊ ပြင်ဘက် ၌လည်း ကိုယ်ကိုဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ၏။

  24. ယေဇကျေလအနာဂတ္တိကျမ်း 1:24ခရစ်တော် မပေါ်မီ 595 ခန့်

    သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့၎င်း၊ အနန္တတန်ခိုးရှင်၏အသံတော်ကဲ့သို့၎င်း၊ အတောင်တို့မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏ စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ၏။

  25. ယေဇကျေလအနာဂတ္တိကျမ်း 1:25ခရစ်တော် မပေါ်မီ 595 ခန့်

    ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲက စကားသံ သည် ထွက်၏။