- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 605–538 BC
The Babylonian Exile
Jerusalem falls and the temple burns; Ezekiel and Daniel minister among the exiles as Lamentations mourns the city's ruin.
ဤကာလမှ အခန်းငယ်များ
- ဒံယေလအနာဂတ္တိကျမ်း 12:5ခရစ်တော် မပေါ်မီ 534 ခန့်
ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တဘက်တပါး စီရပ်နေကြ၏။
- ဒံယေလအနာဂတ္တိကျမ်း 12:6ခရစ်တော် မပေါ်မီ 534 ခန့်
တပါးကလည်း၊ အံ့ဘွယ်သော ဤအမူအရာတို့သည် မကုန်စင်မှီ အဘယ်မျှ လောက်ကြာလိမ့်မည်နည်း ဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကိုမေးမြန်း၏။
- ဒံယေလအနာဂတ္တိကျမ်း 12:7ခရစ်တော် မပေါ်မီ 534 ခန့်
ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်းသော သူတို့၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆို သည်ကို ငါကြား၏။
- ဒံယေလအနာဂတ္တိကျမ်း 12:8ခရစ်တော် မပေါ်မီ 534 ခန့်
ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင်၊
- ဒံယေလအနာဂတ္တိကျမ်း 12:9ခရစ်တော် မပေါ်မီ 534 ခန့်
ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။
- ဒံယေလအနာဂတ္တိကျမ်း 12:10ခရစ်တော် မပေါ်မီ 534 ခန့်
လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။
- ဒံယေလအနာဂတ္တိကျမ်း 12:11ခရစ်တော် မပေါ်မီ 534 ခန့်
နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည်။
- ဒံယေလအနာဂတ္တိကျမ်း 12:12ခရစ်တော် မပေါ်မီ 534 ခန့်
အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့်၍ မှီသောသူသည် မင်္ဂလာရှိ၏။
- ဒံယေလအနာဂတ္တိကျမ်း 12:13ခရစ်တော် မပေါ်မီ 534 ခန့်
သင်မူကား အဆုံးမဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ်စွာ နေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးသားသောအနာဂတ္တိကျမ်းပြီး၏။