အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 36:7ခရစ်တော် မပေါ်မီ 1491 ခန့်

    ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။

  2. ထွက်မြောက်ရာကျမ်း 36:8ခရစ်တော် မပေါ်မီ 1491 ခန့်

    သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။

  3. ထွက်မြောက်ရာကျမ်း 36:9ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။

  4. ထွက်မြောက်ရာကျမ်း 36:10ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။

  5. ထွက်မြောက်ရာကျမ်း 36:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။

  6. ထွက်မြောက်ရာကျမ်း 36:12ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို ၎င်း လုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။

  7. ထွက်မြောက်ရာကျမ်း 36:13ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ၏။

  8. ထွက်မြောက်ရာကျမ်း 36:14ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။

  9. ထွက်မြောက်ရာကျမ်း 36:15ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ၏။

  10. ထွက်မြောက်ရာကျမ်း 36:16ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်း ချုပ်လေ၏။

  11. ထွက်မြောက်ရာကျမ်း 36:17ခရစ်တော် မပေါ်မီ 1491 ခန့်

    ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။

  12. ထွက်မြောက်ရာကျမ်း 36:18ခရစ်တော် မပေါ်မီ 1491 ခန့်

    ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင် တည်းဖြစ်လေ၏။

  13. ထွက်မြောက်ရာကျမ်း 36:19ခရစ်တော် မပေါ်မီ 1491 ခန့်

    အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။

  14. ထွက်မြောက်ရာကျမ်း 36:20ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။

  15. ထွက်မြောက်ရာကျမ်း 36:21ခရစ်တော် မပေါ်မီ 1491 ခန့်

    ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။

  16. ထွက်မြောက်ရာကျမ်း 36:22ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။

  17. ထွက်မြောက်ရာကျမ်း 36:23ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊

  18. ထွက်မြောက်ရာကျမ်း 36:24ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ၏။

  19. ထွက်မြောက်ရာကျမ်း 36:25ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊

  20. ထွက်မြောက်ရာကျမ်း 36:26ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုပျဉ်ပြား၌လည်း ငွေခြေစွပ် လေးဆယ်၊ တပြားနှစ်ခုစီ လုပ်လေ၏။

  21. ထွက်မြောက်ရာကျမ်း 36:27ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊

  22. ထွက်မြောက်ရာကျမ်း 36:28ခရစ်တော် မပေါ်မီ 1491 ခန့်

    ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြား နှစ်ပြားကို၎င်း လုပ်လေ၏။

  23. ထွက်မြောက်ရာကျမ်း 36:29ခရစ်တော် မပေါ်မီ 1491 ခန့်

    အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ၏။

  24. ထွက်မြောက်ရာကျမ်း 36:30ခရစ်တော် မပေါ်မီ 1491 ခန့်

    ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။

  25. ထွက်မြောက်ရာကျမ်း 36:31ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တဘက်ငါးချောင်းစီ လုပ်လေ၏။