အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထွက်မြောက်ရာကျမ်း 36:32ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ၏။

  2. ထွက်မြောက်ရာကျမ်း 36:33ခရစ်တော် မပေါ်မီ 1491 ခန့်

    အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။

  3. ထွက်မြောက်ရာကျမ်း 36:34ခရစ်တော် မပေါ်မီ 1491 ခန့်

    ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။

  4. ထွက်မြောက်ရာကျမ်း 36:35ခရစ်တော် မပေါ်မီ 1491 ခန့်

    တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊

  5. ထွက်မြောက်ရာကျမ်း 36:36ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။

  6. ထွက်မြောက်ရာကျမ်း 36:37ခရစ်တော် မပေါ်မီ 1491 ခန့်

    တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသော အထည် ပိတ်ချောဖြင့် ပြီး၍ ချယ်လှယ်သော ကုလားကာတထည်ကို၎င်း၊

  7. ထွက်မြောက်ရာကျမ်း 36:38ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ၏။

  8. ထွက်မြောက်ရာကျမ်း 37:1ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။

  9. ထွက်မြောက်ရာကျမ်း 37:2ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာပေါ်နား ပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။

  10. ထွက်မြောက်ရာကျမ်း 37:3ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီတပ်လေ၏။

  11. ထွက်မြောက်ရာကျမ်း 37:4ခရစ်တော် မပေါ်မီ 1491 ခန့်

    အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊

  12. ထွက်မြောက်ရာကျမ်း 37:5ခရစ်တော် မပေါ်မီ 1491 ခန့်

    သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်း၌ လျှိုထားလေ၏။

  13. ထွက်မြောက်ရာကျမ်း 37:6ခရစ်တော် မပေါ်မီ 1491 ခန့်

    အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့်လုပ်လေ၏။

  14. ထွက်မြောက်ရာကျမ်း 37:7ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေခေရုဗိမ်နှစ်ပါးကိုလည်း၊ သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်လေ၏။

  15. ထွက်မြောက်ရာကျမ်း 37:8ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုသို့ ခေရုဗိမ်နှစ်ပါးကို၊ သေတ္တာဖုံးကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊

  16. ထွက်မြောက်ရာကျမ်း 37:9ခရစ်တော် မပေါ်မီ 1491 ခန့်

    ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးလျက် ရှိ၏။

  17. ထွက်မြောက်ရာကျမ်း 37:10ခရစ်တော် မပေါ်မီ 1491 ခန့်

    အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊

  18. ထွက်မြောက်ရာကျမ်း 37:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေစင်နှင့် မွမ်းမံလေ၏။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊

  19. ထွက်မြောက်ရာကျမ်း 37:12ခရစ်တော် မပေါ်မီ 1491 ခန့်

    အနံတလက်ဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်လေ၏။

  20. ထွက်မြောက်ရာကျမ်း 37:13ခရစ်တော် မပေါ်မီ 1491 ခန့်

    ရွှေလေးကွင်းကိုလည်း သွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။

  21. ထွက်မြောက်ရာကျမ်း 37:14ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်၏။

  22. ထွက်မြောက်ရာကျမ်း 37:15ခရစ်တော် မပေါ်မီ 1491 ခန့်

    စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့် မွမ်းမံလေ၏။

  23. ထွက်မြောက်ရာကျမ်း 37:16ခရစ်တော် မပေါ်မီ 1491 ခန့်

    စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။

  24. ထွက်မြောက်ရာကျမ်း 37:17ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။

  25. ထွက်မြောက်ရာကျမ်း 37:18ခရစ်တော် မပေါ်မီ 1491 ခန့်

    မီးခုံတိုင် တဘက် တချက် သုံးလက်စီ ထွက်၍၊ အလက်ခြောက်လက်ရှိ၏။