- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Sinai & The Law
God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.
ဤကာလမှ အခန်းငယ်များ
- ထွက်မြောက်ရာကျမ်း 37:19ခရစ်တော် မပေါ်မီ 1491 ခန့်
မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ၏။
- ထွက်မြောက်ရာကျမ်း 37:20ခရစ်တော် မပေါ်မီ 1491 ခန့်
မီးခုံတိုင်၌လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။
- ထွက်မြောက်ရာကျမ်း 37:21ခရစ်တော် မပေါ်မီ 1491 ခန့်
မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိ၏။
- ထွက်မြောက်ရာကျမ်း 37:22ခရစ်တော် မပေါ်မီ 1491 ခန့်
ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 37:23ခရစ်တော် မပေါ်မီ 1491 ခန့်
မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 37:24ခရစ်တော် မပေါ်မီ 1491 ခန့်
မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း။
- ထွက်မြောက်ရာကျမ်း 37:25ခရစ်တော် မပေါ်မီ 1491 ခန့်
တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ၏။
- ထွက်မြောက်ရာကျမ်း 37:26ခရစ်တော် မပေါ်မီ 1491 ခန့်
ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 37:27ခရစ်တော် မပေါ်မီ 1491 ခန့်
ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ်၏။
- ထွက်မြောက်ရာကျမ်း 37:28ခရစ်တော် မပေါ်မီ 1491 ခန့်
ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့်မွမ်းမံလေ၏။
- ထွက်မြောက်ရာကျမ်း 37:29ခရစ်တော် မပေါ်မီ 1491 ခန့်
ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎င်း၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို၎င်း လုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 38:1ခရစ်တော် မပေါ်မီ 1491 ခန့်
တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။
- ထွက်မြောက်ရာကျမ်း 38:2ခရစ်တော် မပေါ်မီ 1491 ခန့်
ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံလေ၏။
- ထွက်မြောက်ရာကျမ်း 38:3ခရစ်တော် မပေါ်မီ 1491 ခန့်
အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 38:4ခရစ်တော် မပေါ်မီ 1491 ခန့်
ကြေးဝါဆန်ခါကို လုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊
- ထွက်မြောက်ရာကျမ်း 38:5ခရစ်တော် မပေါ်မီ 1491 ခန့်
ထမ်းဘိုးထားရာ ဆန်ခါလေးထောင့်၌ တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။
- ထွက်မြောက်ရာကျမ်း 38:6ခရစ်တော် မပေါ်မီ 1491 ခန့်
အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
- ထွက်မြောက်ရာကျမ်း 38:7ခရစ်တော် မပေါ်မီ 1491 ခန့်
ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 38:8ခရစ်တော် မပေါ်မီ 1491 ခန့်
ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့၏ ကြေးဝါမှန်များကို ယူ၍ ကြေးဝါ အင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 38:9ခရစ်တော် မပေါ်မီ 1491 ခန့်
တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင် တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်လေ၏။
- ထွက်မြောက်ရာကျမ်း 38:10ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။
- ထွက်မြောက်ရာကျမ်း 38:11ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုနည်းတူ မြောက်ဘက်၌ ကာရန်အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။
- ထွက်မြောက်ရာကျမ်း 38:12ခရစ်တော် မပေါ်မီ 1491 ခန့်
အနောက်ဘက်၌ ကာရန် အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ် တဆယ်ရှိ၏။
- ထွက်မြောက်ရာကျမ်း 38:13ခရစ်တော် မပေါ်မီ 1491 ခန့်
အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။
- ထွက်မြောက်ရာကျမ်း 38:14ခရစ်တော် မပေါ်မီ 1491 ခန့်
တံခါးဝ တဘက်တချက်၌ ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။