- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Sinai & The Law
God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.
ဤကာလမှ အခန်းငယ်များ
- ဝတ်ပြုရာကျမ်း 27:28ခရစ်တော် မပေါ်မီ 1491 ခန့်
သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။-
- ဝတ်ပြုရာကျမ်း 27:29ခရစ်တော် မပေါ်မီ 1491 ခန့်
လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင်၊ နောက်တဖန် မရွေးရ၊ သတ်ရမည်။
- ဝတ်ပြုရာကျမ်း 27:30ခရစ်တော် မပေါ်မီ 1491 ခန့်
စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
- ဝတ်ပြုရာကျမ်း 27:31ခရစ်တော် မပေါ်မီ 1491 ခန့်
ဆယ်စုတစုကို ရွေးလိုလျှင်၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ်၍ ပေးရမည်။
- ဝတ်ပြုရာကျမ်း 27:32ခရစ်တော် မပေါ်မီ 1491 ခန့်
နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
- ဝတ်ပြုရာကျမ်း 27:33ခရစ်တော် မပေါ်မီ 1491 ခန့်
ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။
- ဝတ်ပြုရာကျမ်း 27:34ခရစ်တော် မပေါ်မီ 1491 ခန့်
ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာ ကျမ်းပြီး၏။