အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 27:3ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။

  2. ဝတ်ပြုရာကျမ်း 27:4ခရစ်တော် မပေါ်မီ 1491 ခန့်

    မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။

  3. ဝတ်ပြုရာကျမ်း 27:5ခရစ်တော် မပေါ်မီ 1491 ခန့်

    အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည်။

  4. ဝတ်ပြုရာကျမ်း 27:6ခရစ်တော် မပေါ်မီ 1491 ခန့်

    အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည်။

  5. ဝတ်ပြုရာကျမ်း 27:7ခရစ်တော် မပေါ်မီ 1491 ခန့်

    အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကို ဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။

  6. ဝတ်ပြုရာကျမ်း 27:8ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။

  7. ဝတ်ပြုရာကျမ်း 27:9ခရစ်တော် မပေါ်မီ 1491 ခန့်

    လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။

  8. ဝတ်ပြုရာကျမ်း 27:10ခရစ်တော် မပေါ်မီ 1491 ခန့်

    ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင် စလုံး သန့်ရှင်းရမည်။

  9. ဝတ်ပြုရာကျမ်း 27:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊

  10. ဝတ်ပြုရာကျမ်း 27:12ခရစ်တော် မပေါ်မီ 1491 ခန့်

    ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည်။

  11. ဝတ်ပြုရာကျမ်း 27:13ခရစ်တော် မပေါ်မီ 1491 ခန့်

    ပူဇော်သော သူသည် ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ ပေးရမည်။

  12. ဝတ်ပြုရာကျမ်း 27:14ခရစ်တော် မပေါ်မီ 1491 ခန့်

    လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။

  13. ဝတ်ပြုရာကျမ်း 27:15ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ အိမ်ကို ယူရမည်။

  14. ဝတ်ပြုရာကျမ်း 27:16ခရစ်တော် မပေါ်မီ 1491 ခန့်

    လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည်။

  15. ဝတ်ပြုရာကျမ်း 27:17ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်မှစ၍ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။

  16. ဝတ်ပြုရာကျမ်း 27:18ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည်။

  17. ဝတ်ပြုရာကျမ်း 27:19ခရစ်တော် မပေါ်မီ 1491 ခန့်

    မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ လယ်ကို အပိုင်ယူရမည်။

  18. ဝတ်ပြုရာကျမ်း 27:20ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအား ရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။-

  19. ဝတ်ပြုရာကျမ်း 27:21ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။

  20. ဝတ်ပြုရာကျမ်း 27:22ခရစ်တော် မပေါ်မီ 1491 ခန့်

    လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-

  21. ဝတ်ပြုရာကျမ်း 27:23ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။

  22. ဝတ်ပြုရာကျမ်း 27:24ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကို အရင်ပိုင်၍ ရောင်းသောသူ လက်သို့ ပြန်စေရမည်။

  23. ဝတ်ပြုရာကျမ်း 27:25ခရစ်တော် မပေါ်မီ 1491 ခန့်

    အဘိုးပြတ်လေရာရာ၌ အကျပ်တော်အလိုက် ပြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။

  24. ဝတ်ပြုရာကျမ်း 27:26ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ် ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။

  25. ဝတ်ပြုရာကျမ်း 27:27ခရစ်တော် မပေါ်မီ 1491 ခန့်

    မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်း ရွေး၍၊ ငါးစုတစုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည်။