အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 25:54ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှ လွှတ်ရမည်။

  2. ဝတ်ပြုရာကျမ်း 25:55ခရစ်တော် မပေါ်မီ 1491 ခန့်

    အကြောင်းမူကား ဣသရေလအမျိုးသားတို့သည်၊ ငါ၏ အမှုထမ်းဖြစ်ကြ၏။ အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။

  3. ဝတ်ပြုရာကျမ်း 26:1ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ကိုယ်အဘို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

  4. ဝတ်ပြုရာကျမ်း 26:2ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

  5. ဝတ်ပြုရာကျမ်း 26:3ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက်၍၊ ငါပညတ်တို့ကို ကျင့်စောင့်လျှင်၊-

  6. ဝတ်ပြုရာကျမ်း 26:4ခရစ်တော် မပေါ်မီ 1491 ခန့်

    အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည်။

  7. ဝတ်ပြုရာကျမ်း 26:5ခရစ်တော် မပေါ်မီ 1491 ခန့်

    စပါးနင်းနယ်သော အမှုသည်၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည် ဝစွာစား၍၊ ကိုယ်ပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။

  8. ဝတ်ပြုရာကျမ်း 26:6ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။

  9. ဝတ်ပြုရာကျမ်း 26:7ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ရန်သူများကို လိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

  10. ဝတ်ပြုရာကျမ်း 26:8ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

  11. ဝတ်ပြုရာကျမ်း 26:9ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။

  12. ဝတ်ပြုရာကျမ်း 26:10ခရစ်တော် မပေါ်မီ 1491 ခန့်

    သိုထားသော စပါးဟောင်းကို စား၍ မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကို ထုတ်ရကြ မည်။

  13. ဝတ်ပြုရာကျမ်း 26:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကို တည်မည်။

  14. ဝတ်ပြုရာကျမ်း 26:12ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။

  15. ဝတ်ပြုရာကျမ်း 26:13ခရစ်တော် မပေါ်မီ 1491 ခန့်

    အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။

  16. ဝတ်ပြုရာကျမ်း 26:14ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊-

  17. ဝတ်ပြုရာကျမ်း 26:15ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊-

  18. ဝတ်ပြုရာကျမ်း 26:16ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့၌ ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။

  19. ဝတ်ပြုရာကျမ်း 26:17ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။

  20. ဝတ်ပြုရာကျမ်း 26:18ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည်။

  21. ဝတ်ပြုရာကျမ်း 26:19ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုဃ်းကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊

  22. ဝတ်ပြုရာကျမ်း 26:20ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။

  23. ဝတ်ပြုရာကျမ်း 26:21ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည်။

  24. ဝတ်ပြုရာကျမ်း 26:22ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်း ငှါ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။

  25. ဝတ်ပြုရာကျမ်း 26:23ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-