- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Sinai & The Law
God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.
ဤကာလမှ အခန်းငယ်များ
- ဝတ်ပြုရာကျမ်း 25:29ခရစ်တော် မပေါ်မီ 1491 ခန့်
မြို့ထဲ၌ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည်။
- ဝတ်ပြုရာကျမ်း 25:30ခရစ်တော် မပေါ်မီ 1491 ခန့်
တနှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။
- ဝတ်ပြုရာကျမ်း 25:31ခရစ်တော် မပေါ်မီ 1491 ခန့်
မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။
- ဝတ်ပြုရာကျမ်း 25:32ခရစ်တော် မပေါ်မီ 1491 ခန့်
သို့ရာတွင် လေဝိသားပိုင်သော မြို့နှင့်မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ၏။
- ဝတ်ပြုရာကျမ်း 25:33ခရစ်တော် မပေါ်မီ 1491 ခန့်
လေဝိသားပိုင်သော မြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ် နေရာ မြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ။
- ဝတ်ပြုရာကျမ်း 25:34ခရစ်တော် မပေါ်မီ 1491 ခန့်
သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသော လယ်ယာတို့ကို မရောင်းရ။ အစဉ်အမြဲပိုင်ရမည်။
- ဝတ်ပြုရာကျမ်း 25:35ခရစ်တော် မပေါ်မီ 1491 ခန့်
သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည်။
- ဝတ်ပြုရာကျမ်း 25:36ခရစ်တော် မပေါ်မီ 1491 ခန့်
သူ၌ အတိုးအပွားကို မယူရ။ သင်၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။
- ဝတ်ပြုရာကျမ်း 25:37ခရစ်တော် မပေါ်မီ 1491 ခန့်
အတိုးအပွါးကို မြော်လင့်၍ ငွေကို၎င်း၊ စားစရာကို၎င်း၊ သူ၌ မချေးမငှါးရ။
- ဝတ်ပြုရာကျမ်း 25:38ခရစ်တော် မပေါ်မီ 1491 ခန့်
ငါသည် ခါနာန်ပြည်ကို သင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင်ဖြစ်အံ့သောငှါ၊ သင်တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်၏ ထာဝရဘုရားဖြစ်၏။
- ဝတ်ပြုရာကျမ်း 25:39ခရစ်တော် မပေါ်မီ 1491 ခန့်
သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ သင်၌ အရောင်းခံလျှင်၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ။
- ဝတ်ပြုရာကျမ်း 25:40ခရစ်တော် မပေါ်မီ 1491 ခန့်
သူသည် သူငှါးကဲ့သို့၎င်း၊ ဧည့်သည်ကဲ့သို့၎င်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။
- ဝတ်ပြုရာကျမ်း 25:41ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုအခါ သူသည် သားသမီးနှင့်တကွ ထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။
- ဝတ်ပြုရာကျမ်း 25:42ခရစ်တော် မပေါ်မီ 1491 ခန့်
အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ၏ အမှုထမ်းဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မရောင်းရ။
- ဝတ်ပြုရာကျမ်း 25:43ခရစ်တော် မပေါ်မီ 1491 ခန့်
သူ့ကို ကြမ်းတမ်းစွာ မစီရင်ရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။
- ဝတ်ပြုရာကျမ်း 25:44ခရစ်တော် မပေါ်မီ 1491 ခန့်
သင်သည် စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့် ပတ်လည်ဝန်းကျင်တို့၌ နေသော သာသနာပလူတို့ တွင် ဝယ်ရမည်။
- ဝတ်ပြုရာကျမ်း 25:45ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုမှတပါး၊ သင်တို့တွင် တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို၎င်း၊ သင်တို့ပြည်၌ သူတို့ရသော သားသမီးများကို၎င်း ဝယ်၍ ပိုင်ရမည်။
- ဝတ်ပြုရာကျမ်း 25:46ခရစ်တော် မပေါ်မီ 1491 ခန့်
သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တယောက်ကိုတယောက် ကြမ်း တမ်းစွာ မစီရင်ရ။
- ဝတ်ပြုရာကျမ်း 25:47ခရစ်တော် မပေါ်မီ 1491 ခန့်
သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏ အမျိုးသားချင်း ဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏ သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊-
- ဝတ်ပြုရာကျမ်း 25:48ခရစ်တော် မပေါ်မီ 1491 ခန့်
ရောင်းပြီးမှ ရွေးနှုတ်သော အခွင့်ရှိစေရမည်။ မိမိအမျိုးသား တစုံတယောက်သည် ရွေးနှုတ်ရမည်။
- ဝတ်ပြုရာကျမ်း 25:49ခရစ်တော် မပေါ်မီ 1491 ခန့်
ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည်။
- ဝတ်ပြုရာကျမ်း 25:50ခရစ်တော် မပေါ်မီ 1491 ခန့်
သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သော နှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍၎င်း၊ သူငှါးလုပ်ရသည် ကာလကို ထောက်၍၎င်း၊ ကိုယ်အဘိုးကို စီရင်ရမည်။
- ဝတ်ပြုရာကျမ်း 25:51ခရစ်တော် မပေါ်မီ 1491 ခန့်
ယုဘိလနှစ်မရောက်မှီ၊ အစေခံရသော နှစ်ပေါင်း အနည်းအများကို ရေတွက်၍၊-
- ဝတ်ပြုရာကျမ်း 25:52ခရစ်တော် မပေါ်မီ 1491 ခန့်
လိုသေးသော နှစ်ပေါင်း အနည်းအများအလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ ပြန်ပေး ရမည်။
- ဝတ်ပြုရာကျမ်း 25:53ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါးကဲ့သို့ နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကို မခံရ။