အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 25:4ခရစ်တော် မပေါ်မီ 1491 ခန့်

    သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ်၊ တပြည်လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊

  2. ဝတ်ပြုရာကျမ်း 25:5ခရစ်တော် မပေါ်မီ 1491 ခန့်

    လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ်၏။

  3. ဝတ်ပြုရာကျမ်း 25:6ခရစ်တော် မပေါ်မီ 1491 ခန့်

    ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ ကျွန်၊ ကျွန်မ၊ သူငှါး၊ ဧည့်သည်စားစရာ၊-

  4. ဝတ်ပြုရာကျမ်း 25:7ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်၏ ပြည်၌ရှိသော သားယဉ် သားရဲစားစရာဖြစ်ရသည်။

  5. ဝတ်ပြုရာကျမ်း 25:8ခရစ်တော် မပေါ်မီ 1491 ခန့်

    ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက်၍၊ ခုနှစ်နှစ်ခု နှစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊-

  6. ဝတ်ပြုရာကျမ်း 25:9ခရစ်တော် မပေါ်မီ 1491 ခန့်

    သတ္တမလ ဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည်။

  7. ဝတ်ပြုရာကျမ်း 25:10ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်း မိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။

  8. ဝတ်ပြုရာကျမ်း 25:11ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။

  9. ဝတ်ပြုရာကျမ်း 25:12ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်သည် သန့်ရှင်းသော နှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာ စားရမည်။

  10. ဝတ်ပြုရာကျမ်း 25:13ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သော မြေသို့ ပြန်ရမည်။

  11. ဝတ်ပြုရာကျမ်း 25:14ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကို ပြုလျှင်၊ တယောက်ကို တယောက် မညှဉ်းဆဲရ။

  12. ဝတ်ပြုရာကျမ်း 25:15ခရစ်တော် မပေါ်မီ 1491 ခန့်

    ယုဘိလနှစ်လွန်၍ လိုသေးသော နှစ်ပေါင်း၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက်၍ ရောင်းဝယ်မှုကို ပြုရမည်။

  13. ဝတ်ပြုရာကျမ်း 25:16ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုသို့ အသီးသီးရသော နှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက်၊ တိုးလျက် ရောင်းဝယ်ရမည်။

  14. ဝတ်ပြုရာကျမ်း 25:17ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။

  15. ဝတ်ပြုရာကျမ်း 25:18ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။

  16. ဝတ်ပြုရာကျမ်း 25:19ခရစ်တော် မပေါ်မီ 1491 ခန့်

    မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြ လိမ့်မည်။

  17. ဝတ်ပြုရာကျမ်း 25:20ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကို မသိမ်းရပါတကားဟု ဆိုလျှင်၊-

  18. ဝတ်ပြုရာကျမ်း 25:21ခရစ်တော် မပေါ်မီ 1491 ခန့်

    ဆဌမနှစ်တွင် သင်တို့ကို ငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည်။

  19. ဝတ်ပြုရာကျမ်း 25:22ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ်၍ နဝမနှစ်တွင် အသီးအနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်းသော အသီးအနှံကို စားရကြမည်။

  20. ဝတ်ပြုရာကျမ်း 25:23ခရစ်တော် မပေါ်မီ 1491 ခန့်

    မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ။ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တို့သည် ငါ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။

  21. ဝတ်ပြုရာကျမ်း 25:24ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။

  22. ဝတ်ပြုရာကျမ်း 25:25ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင်၎င်း၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။

  23. ဝတ်ပြုရာကျမ်း 25:26ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊-

  24. ဝတ်ပြုရာကျမ်း 25:27ခရစ်တော် မပေါ်မီ 1491 ခန့်

    မိမိမြေသို့ ပြန်အံ့သောငှါ၊ ရောင်း၍လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။

  25. ဝတ်ပြုရာကျမ်း 25:28ခရစ်တော် မပေါ်မီ 1491 ခန့်

    ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။