အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 23:21ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။

  2. ဝတ်ပြုရာကျမ်း 23:22ခရစ်တော် မပေါ်မီ 1490 ခန့်

    ကိုယ်မြေ၌ ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

  3. ဝတ်ပြုရာကျမ်း 23:23ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  4. ဝတ်ပြုရာကျမ်း 23:24ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။

  5. ဝတ်ပြုရာကျမ်း 23:25ခရစ်တော် မပေါ်မီ 1490 ခန့်

    လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။

  6. ဝတ်ပြုရာကျမ်း 23:26ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-

  7. ဝတ်ပြုရာကျမ်း 23:27ခရစ်တော် မပေါ်မီ 1490 ခန့်

    သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။

  8. ဝတ်ပြုရာကျမ်း 23:28ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။

  9. ဝတ်ပြုရာကျမ်း 23:29ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။

  10. ဝတ်ပြုရာကျမ်း 23:30ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည်။-

  11. ဝတ်ပြုရာကျမ်း 23:31ခရစ်တော် မပေါ်မီ 1490 ခန့်

    အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

  12. ဝတ်ပြုရာကျမ်း 23:32ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။

  13. ဝတ်ပြုရာကျမ်း 23:33ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-

  14. ဝတ်ပြုရာကျမ်း 23:34ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲ ကို ခံရကြမည်။-

  15. ဝတ်ပြုရာကျမ်း 23:35ခရစ်တော် မပေါ်မီ 1490 ခန့်

    ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကို မလုပ်ရ။

  16. ဝတ်ပြုရာကျမ်း 23:36ခရစ်တော် မပေါ်မီ 1490 ခန့်

    ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌ လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရ မည်။

  17. ဝတ်ပြုရာကျမ်း 23:37ခရစ်တော် မပေါ်မီ 1490 ခန့်

    ထူးဆန်းသော စည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။

  18. ဝတ်ပြုရာကျမ်း 23:38ခရစ်တော် မပေါ်မီ 1490 ခန့်

    ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော် ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း။

  19. ဝတ်ပြုရာကျမ်း 23:39ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား ပွဲခံကြရမည်။ ပဌမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ကြရမည်။

  20. ဝတ်ပြုရာကျမ်း 23:40ခရစ်တော် မပေါ်မီ 1490 ခန့်

    ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။

  21. ဝတ်ပြုရာကျမ်း 23:41ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည်။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။

  22. ဝတ်ပြုရာကျမ်း 23:42ခရစ်တော် မပေါ်မီ 1490 ခန့်

    ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊

  23. ဝတ်ပြုရာကျမ်း 23:43ခရစ်တော် မပေါ်မီ 1490 ခန့်

    သစ်ခက်တဲ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနှစ်ရက်ပတ်လုံး နေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။

  24. ဝတ်ပြုရာကျမ်း 23:44ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည်လည်း၊ ထာဝရဘုရား၏ ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။

  25. ဝတ်ပြုရာကျမ်း 24:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-