အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 22:29ခရစ်တော် မပေါ်မီ 1490 ခန့်

    ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့။

  2. ဝတ်ပြုရာကျမ်း 22:30ခရစ်တော် မပေါ်မီ 1490 ခန့်

    တနေ့ခြင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။

  3. ဝတ်ပြုရာကျမ်း 22:31ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

  4. ဝတ်ပြုရာကျမ်း 22:32ခရစ်တော် မပေါ်မီ 1490 ခန့်

    သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည်။

  5. ဝတ်ပြုရာကျမ်း 22:33ခရစ်တော် မပေါ်မီ 1490 ခန့်

    ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

  6. ဝတ်ပြုရာကျမ်း 23:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-

  7. ဝတ်ပြုရာကျမ်း 23:2ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား၏ ပွဲတော်များဟူမူကား၊-

  8. ဝတ်ပြုရာကျမ်း 23:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ ဓမ္မ စည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို့နေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ် ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။

  9. ဝတ်ပြုရာကျမ်း 23:4ခရစ်တော် မပေါ်မီ 1490 ခန့်

    အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊-

  10. ဝတ်ပြုရာကျမ်း 23:5ခရစ်တော် မပေါ်မီ 1490 ခန့်

    ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။

  11. ဝတ်ပြုရာကျမ်း 23:6ခရစ်တော် မပေါ်မီ 1490 ခန့်

    ၎င်းလ ဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည်။

  12. ဝတ်ပြုရာကျမ်း 23:7ခရစ်တော် မပေါ်မီ 1490 ခန့်

    ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။

  13. ဝတ်ပြုရာကျမ်း 23:8ခရစ်တော် မပေါ်မီ 1490 ခန့်

    ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော်၏။

  14. ဝတ်ပြုရာကျမ်း 23:9ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-

  15. ဝတ်ပြုရာကျမ်း 23:10ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။

  16. ဝတ်ပြုရာကျမ်း 23:11ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။

  17. ဝတ်ပြုရာကျမ်း 23:12ခရစ်တော် မပေါ်မီ 1490 ခန့်

    ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

  18. ဝတ်ပြုရာကျမ်း 23:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။

  19. ဝတ်ပြုရာကျမ်း 23:14ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်တို့၏ ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း။

  20. ဝတ်ပြုရာကျမ်း 23:15ခရစ်တော် မပေါ်မီ 1490 ခန့်

    ချီလွှဲရာ ပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။

  21. ဝတ်ပြုရာကျမ်း 23:16ခရစ်တော် မပေါ်မီ 1490 ခန့်

    သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည်။

  22. ဝတ်ပြုရာကျမ်း 23:17ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားအဘို့ အဦးသီးသော အသီး၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊-

  23. ဝတ်ပြုရာကျမ်း 23:18ခရစ်တော် မပေါ်မီ 1490 ခန့်

    ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ် အထီးတကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်ရမည်။

  24. ဝတ်ပြုရာကျမ်း 23:19ခရစ်တော် မပေါ်မီ 1490 ခန့်

    အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို၎င်း ပူဇော်၍၊-

  25. ဝတ်ပြုရာကျမ်း 23:20ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။