အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 21:3ခရစ်တော် မပေါ်မီ 1490 ခန့်

    လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ၏။

  2. ဝတ်ပြုရာကျမ်း 21:4ခရစ်တော် မပေါ်မီ 1490 ခန့်

    အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။

  3. ဝတ်ပြုရာကျမ်း 21:5ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ။ ပါးမုန်းကို မရိတ်ရ။ အသား၌ ခုတ်ရှခြင်းကို မပြုရ။

  4. ဝတ်ပြုရာကျမ်း 21:6ခရစ်တော် မပေါ်မီ 1490 ခန့်

    သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည်။

  5. ဝတ်ပြုရာကျမ်း 21:7ခရစ်တော် မပေါ်မီ 1490 ခန့်

    သူသည် ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။

  6. ဝတ်ပြုရာကျမ်း 21:8ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကို သန့်ရှင်းစေ၍၊ သူသည် သင့်အဘို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။

  7. ဝတ်ပြုရာကျမ်း 21:9ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာ ရောက်၏။ ထိုသူကို မီးရှို့ရမည်။

  8. ဝတ်ပြုရာကျမ်း 21:10ခရစ်တော် မပေါ်မီ 1490 ခန့်

    မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကို မချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။

  9. ဝတ်ပြုရာကျမ်း 21:11ခရစ်တော် မပေါ်မီ 1490 ခန့်

    အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ။

  10. ဝတ်ပြုရာကျမ်း 21:12ခရစ်တော် မပေါ်မီ 1490 ခန့်

    သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်၏။

  11. ဝတ်ပြုရာကျမ်း 21:13ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာစုံဘက်ရမည်။

  12. ဝတ်ပြုရာကျမ်း 21:14ခရစ်တော် မပေါ်မီ 1490 ခန့်

    မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။

  13. ဝတ်ပြုရာကျမ်း 21:15ခရစ်တော် မပေါ်မီ 1490 ခန့်

    မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။

  14. ဝတ်ပြုရာကျမ်း 21:16ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊-

  15. ဝတ်ပြုရာကျမ်း 21:17ခရစ်တော် မပေါ်မီ 1490 ခန့်

    သင်၏ အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။

  16. ဝတ်ပြုရာကျမ်း 21:18ခရစ်တော် မပေါ်မီ 1490 ခန့်

    မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊-

  17. ဝတ်ပြုရာကျမ်း 21:19ခရစ်တော် မပေါ်မီ 1490 ခန့်

    လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊

  18. ဝတ်ပြုရာကျမ်း 21:20ခရစ်တော် မပေါ်မီ 1490 ခန့်

    ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ။-

  19. ဝတ်ပြုရာကျမ်း 21:21ခရစ်တော် မပေါ်မီ 1490 ခန့်

    ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ -

  20. ဝတ်ပြုရာကျမ်း 21:22ခရစ်တော် မပေါ်မီ 1490 ခန့်

    သန့်ရှင်းသော မုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကို စားရမည်။

  21. ဝတ်ပြုရာကျမ်း 21:23ခရစ်တော် မပေါ်မီ 1490 ခန့်

    ကိုယ်၌ အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာ အတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။

  22. ဝတ်ပြုရာကျမ်း 21:24ခရစ်တော် မပေါ်မီ 1490 ခန့်

    မောရှေသည် အာရုန်နှင့် သူ၏သား ဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။

  23. ဝတ်ပြုရာကျမ်း 22:1ခရစ်တော် မပေါ်မီ 1490 ခန့်

    တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-

  24. ဝတ်ပြုရာကျမ်း 22:2ခရစ်တော် မပေါ်မီ 1490 ခန့်

    အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။

  25. ဝတ်ပြုရာကျမ်း 22:3ခရစ်တော် မပေါ်မီ 1490 ခန့်

    ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။