အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Sinai & The Law

God meets Israel at Mount Sinai, reveals the Ten Commandments, and establishes the Tabernacle and the priestly covenant.

1,657 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝတ်ပြုရာကျမ်း 26:24ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ပေးဦးမည်။

  2. ဝတ်ပြုရာကျမ်း 26:25ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။

  3. ဝတ်ပြုရာကျမ်း 26:26ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏ မုန့်ကို မီးဖိုတဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။

  4. ဝတ်ပြုရာကျမ်း 26:27ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-

  5. ဝတ်ပြုရာကျမ်း 26:28ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည်လည်း အမျက်ထွက်၍ သင်တို့ကို ဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆ သော ဒဏ်ကို ပေးဦးမည်။-

  6. ဝတ်ပြုရာကျမ်း 26:29ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ကိုယ်သားသမီးတို့၏ အသားကို စားရကြလိမ့်မည်။

  7. ဝတ်ပြုရာကျမ်း 26:30ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့ အသေကောင် များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ၍၊ သင်တို့ကို စက်ဆုပ်ရွံရှာမည်။

  8. ဝတ်ပြုရာကျမ်း 26:31ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။

  9. ဝတ်ပြုရာကျမ်း 26:32ခရစ်တော် မပေါ်မီ 1491 ခန့်

    တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။

  10. ဝတ်ပြုရာကျမ်း 26:33ခရစ်တော် မပေါ်မီ 1491 ခန့်

    သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။

  11. ဝတ်ပြုရာကျမ်း 26:34ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုသို့ သင်တို့သည် ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။

  12. ဝတ်ပြုရာကျမ်း 26:35ခရစ်တော် မပေါ်မီ 1491 ခန့်

    လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်ည် မငြိမ်မဝပ်ရ။

  13. ဝတ်ပြုရာကျမ်း 26:36ခရစ်တော် မပေါ်မီ 1491 ခန့်

    ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။

  14. ဝတ်ပြုရာကျမ်း 26:37ခရစ်တော် မပေါ်မီ 1491 ခန့်

    အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည်။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ။

  15. ဝတ်ပြုရာကျမ်း 26:38ခရစ်တော် မပေါ်မီ 1491 ခန့်

    ရန်သူပြည်သည် သင်တို့ကို မျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။

  16. ဝတ်ပြုရာကျမ်း 26:39ခရစ်တော် မပေါ်မီ 1491 ခန့်

    ကျန်ကြွင်းသော သင်တို့သည်၊ ရန်သူပြည်၌ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။

  17. ဝတ်ပြုရာကျမ်း 26:40ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့်၊-

  18. ဝတ်ပြုရာကျမ်း 26:41ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည် သူတို့ကို ဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ်၊ ဘိုးတတို့ အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့ နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊-

  19. ဝတ်ပြုရာကျမ်း 26:42ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည် ယာကုပ်နှင့်ပြုသော ပဋိညာဉ်၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ်၊ အာဗြတံနှင့်ပြုသော ပဋိညာဉ်ကို ၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။

  20. ဝတ်ပြုရာကျမ်း 26:43ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုပြည်သည် သူတို့ လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍ မထီမဲ့မြင် ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။

  21. ဝတ်ပြုရာကျမ်း 26:44ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့ရာတွင် ရန်သူပြည်၌ နေကြသောအခါ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ ဘုရားခင်ထာဝရဘုရား ဖြစ်၏။

  22. ဝတ်ပြုရာကျမ်း 26:45ခရစ်တော် မပေါ်မီ 1491 ခန့်

    ငါသည် သူတို့၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက်၌၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

  23. ဝတ်ပြုရာကျမ်း 26:46ခရစ်တော် မပေါ်မီ 1491 ခန့်

    ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက် တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း။

  24. ဝတ်ပြုရာကျမ်း 27:1ခရစ်တော် မပေါ်မီ 1491 ခန့်

    တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

  25. ဝတ်ပြုရာကျမ်း 27:2ခရစ်တော် မပေါ်မီ 1491 ခန့်

    လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သော သူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရမည်။