- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:7ခရစ်နှစ် 60 ခန့်
သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှါ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ပြုသင့်၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:8ခရစ်နှစ် 60 ခန့်
ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:9ခရစ်နှစ် 60 ခန့်
ထိုမှတပါး၊ သင်သည်အရာရာ၌ နားထောင်သည်၊ နားမထောင်သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:10ခရစ်နှစ် 60 ခန့်
အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏၊၊ အကြောင်းမူ ကား၊ ငါသည်တစုံတယောက်သောသူ၏ အပြစ်ကို လွှတ်ဘူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏ အခွင့်နှင့် လွှတ်ဘူး၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:11ခရစ်နှစ် 60 ခန့်
သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:12ခရစ်နှစ် 60 ခန့်
ထိုမှတပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ ငါရောက်၍၊ သခင်ဘုရား သည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ၊
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:13ခရစ်နှစ် 60 ခန့်
ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကိုအခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:14ခရစ်နှစ် 60 ခန့်
ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေး အကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:15ခရစ်နှစ် 60 ခန့်
အဘယ်သို့နည်းဟူမူကား၊ ငါတို့သည် ကယ်တင်သောသူတို့၌၎င်း၊ ဆုံးရှုံးသောသူတို့၌၎င်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:16ခရစ်နှစ် 60 ခန့်
ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင်ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင်ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာ တို့နှင့် အဘယ်သူထိုက်တန်သနည်း။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 2:17ခရစ်နှစ် 60 ခန့်
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:1ခရစ်နှစ် 60 ခန့်
ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြ သလော။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါးပေးစေခြင်းငှါ၎င်း၊ သင်တို့သည်သူတပါးထံသို့ ပေးစေခြင်းငှါ၎င်း၊ ငါတို့သည်အချို့သောသူကဲ့သို့ အလိုရှိကြသလော။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:2ခရစ်နှစ် 60 ခန့်
သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:3ခရစ်နှစ် 60 ခန့်
အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေး၍၎င်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:4ခရစ်နှစ် 60 ခန့်
ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:5ခရစ်နှစ် 60 ခန့်
သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:6ခရစ်နှစ် 60 ခန့်
ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:7ခရစ်နှစ် 60 ခန့်
ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည် ကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသောသေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:8ခရစ်နှစ် 60 ခန့်
ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:9ခရစ်နှစ် 60 ခန့်
အပြစ်စီရင်တတ်သောတရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရား သည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:10ခရစ်နှစ် 60 ခန့်
နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသော အရာသည် ဘုန်းကွယ်လျက် ရှိ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:11ခရစ်နှစ် 60 ခန့်
ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:12ခရစ်နှစ် 60 ခန့်
ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ။ အတည်အလင်း ဟောပြောကြ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:13ခရစ်နှစ် 60 ခန့်
ပယ်ရှင်းသောအရာ၏အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 3:14ခရစ်နှစ် 60 ခန့်
သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။