- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ဟေဗြဲဩဝါဒစာ 1:1ခရစ်နှစ် 64 ခန့်
ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။
- ဟေဗြဲဩဝါဒစာ 1:2ခရစ်နှစ် 64 ခန့်
ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင် အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။
- ဟေဗြဲဩဝါဒစာ 1:3ခရစ်နှစ် 64 ခန့်
ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။
- ဟေဗြဲဩဝါဒစာ 1:4ခရစ်နှစ် 64 ခန့်
ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ၏။
- ဟေဗြဲဩဝါဒစာ 1:5ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ၍၎င်း၊ ငါသည်သူ၏ အဘ ဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည် ဟူ၍၎င်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း။
- ဟေဗြဲဩဝါဒစာ 1:6ခရစ်နှစ် 64 ခန့်
တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။
- ဟေဗြဲဩဝါဒစာ 1:7ခရစ်နှစ် 64 ခန့်
တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။
- ဟေဗြဲဩဝါဒစာ 1:8ခရစ်နှစ် 64 ခန့်
သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။
- ဟေဗြဲဩဝါဒစာ 1:9ခရစ်နှစ် 64 ခန့်
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း။
- ဟေဗြဲဩဝါဒစာ 1:10ခရစ်နှစ် 64 ခန့်
တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
- ဟေဗြဲဩဝါဒစာ 1:11ခရစ်နှစ် 64 ခန့်
ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊
- ဟေဗြဲဩဝါဒစာ 1:12ခရစ်နှစ် 64 ခန့်
ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။
- ဟေဗြဲဩဝါဒစာ 1:13ခရစ်နှစ် 64 ခန့်
ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏ ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေ လော့ဟု၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။
- ဟေဗြဲဩဝါဒစာ 1:14ခရစ်နှစ် 64 ခန့်
ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။
- ဟေဗြဲဩဝါဒစာ 2:1ခရစ်နှစ် 64 ခန့်
ထို့ကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည်။
- ဟေဗြဲဩဝါဒစာ 2:2ခရစ်နှစ် 64 ခန့်
ကောင်းကင်တမန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည် တည်၍ ပြစ်မှားလွန်ကျူးခြင်း အမှု အမျိုးမျိုးတို့သည် ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊
- ဟေဗြဲဩဝါဒစာ 2:3ခရစ်နှစ် 64 ခန့်
အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။
- ဟေဗြဲဩဝါဒစာ 2:4ခရစ်နှစ် 64 ခန့်
ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအားဖြင့်၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံတော်မူပြီ။
- ဟေဗြဲဩဝါဒစာ 2:5ခရစ်နှစ် 64 ခန့်
ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူ သည်မဟုတ်၊
- ဟေဗြဲဩဝါဒစာ 2:6ခရစ်နှစ် 64 ခန့်
ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။
- ဟေဗြဲဩဝါဒစာ 2:7ခရစ်နှစ် 64 ခန့်
သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊
- ဟေဗြဲဩဝါဒစာ 2:8ခရစ်နှစ် 64 ခန့်
ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။
- ဟေဗြဲဩဝါဒစာ 2:9ခရစ်နှစ် 64 ခန့်
ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ၏။
- ဟေဗြဲဩဝါဒစာ 2:10ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ များစွာသော သားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။
- ဟေဗြဲဩဝါဒစာ 2:11ခရစ်နှစ် 64 ခန့်
သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား၊