- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ကောရိန္သုဩဝါဒစာပဌမစောင် 1:1ခရစ်နှစ် 59 ခန့်
ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီ သုဿင်သည်၊
- ကောရိန္သုဩဝါဒစာပဌမစောင် 1:2ခရစ်နှစ် 59 ခန့်
ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:3ခရစ်နှစ် 59 ခန့်
ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါ စေသော။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:4ခရစ်နှစ် 59 ခန့်
အထက်ခရစ်တော်၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊
- ကောရိန္သုဩဝါဒစာပဌမစောင် 1:5ခရစ်နှစ် 59 ခန့်
သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ်၍၊
- ကောရိန္သုဩဝါဒစာပဌမစောင် 1:6ခရစ်နှစ် 59 ခန့်
ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:7ခရစ်နှစ် 59 ခန့်
ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍နေစဉ်၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:8ခရစ်နှစ် 59 ခန့်
သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ နေ့ရက်၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:9ခရစ်နှစ် 59 ခန့်
ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင် ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့ အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:10ခရစ်နှစ် 59 ခန့်
ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ် သဘောတသံတသမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်၏ နာမတော် ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:11ခရစ်နှစ် 59 ခန့်
အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:12ခရစ်နှစ် 59 ခန့်
သင်တို့က၊ ငါသည်ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကေဖ တပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့် ဖြစ်၏ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:13ခရစ်နှစ် 59 ခန့်
ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:14ခရစ်နှစ် 59 ခန့်
ကရိပ္ပုနှင့်ဂါယုမှတပါး၊ သင်တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:15ခရစ်နှစ် 59 ခန့်
သို့ဖြစ်၍ပေါလုသည်မိမိနာမ၌ ဗတ္တိဇံကို ပေးသည်ဟု အဘယ်သူမျှဆိုစရာအကြောင်းမရှိ။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:16ခရစ်နှစ် 59 ခန့်
သတေဖန်၏အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံကို ပေးပြီ။ ထိုမှတပါးအခြားသောသူအား ဗတ္တိဇံ ပေးသည်ကိုငါမမှတ်မိ။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:17ခရစ်နှစ် 59 ခန့်
ဗတ္တိဇံကိုပေးစေခြင်းငှါ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှါ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ် စေခြင်းငှါ၊ နှုတ်ပညာကို အခွင့်မပေးဘဲနေတော်မူ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:18ခရစ်နှစ် 59 ခန့်
အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:19ခရစ်နှစ် 59 ခန့်
ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကို လည်း ငါပယ်မည်ဟု လာသတည်း။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:20ခရစ်နှစ် 59 ခန့်
ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြု ဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက် သော ဆရာကား အဘယ်မှာ ရှိသနည်း။ လောကီပညာ ကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:21ခရစ်နှစ် 59 ခန့်
အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာရှိတော်မူ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:22ခရစ်နှစ် 59 ခန့်
ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ် ကြ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:23ခရစ်နှစ် 59 ခန့်
ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:24ခရစ်နှစ် 59 ခန့်
သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူ ဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုး တော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 1:25ခရစ်နှစ် 59 ခန့်
ဘုရားသခင်၏မိုက်မဲခြင်းအရာသည် လူတို့၏ ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏ အားနည်း ခြင်းအရာသည် လူတို့၏ အစွမ်းထက်သာ၍ အစွမ်းရှိ၏။