- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:1ခရစ်နှစ် 90 ခန့်
ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:2ခရစ်နှစ် 90 ခန့်
ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:3ခရစ်နှစ် 90 ခန့်
ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:4ခရစ်နှစ် 90 ခန့်
သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:5ခရစ်နှစ် 90 ခန့်
ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:6ခရစ်နှစ် 90 ခန့်
ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:7ခရစ်နှစ် 90 ခန့်
ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:8ခရစ်နှစ် 90 ခန့်
ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:9ခရစ်နှစ် 90 ခန့်
ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 1:10ခရစ်နှစ် 90 ခန့်
ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော် လည်း ငါတို့၌မရှိ။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:1ခရစ်နှစ် 90 ခန့်
ချစ်သားတို့၊ သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကိုသင်တို့အား ငါရေး၍ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:2ခရစ်နှစ် 90 ခန့်
ထိုသခင်သည်ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:3ခရစ်နှစ် 90 ခန့်
ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:4ခရစ်နှစ် 90 ခန့်
ထိုသခင်ကို ငါသိ၏ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ်၍ ထိုသူ၌သစ္စာမရှိ။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:5ခရစ်နှစ် 90 ခန့်
ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် သခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:6ခရစ်နှစ် 90 ခန့်
ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:7ခရစ်နှစ် 90 ခန့်
ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင်သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:8ခရစ်နှစ် 90 ခန့်
တဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်၎င်း၊ သင်တို့အားဖြင့်၎င်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:9ခရစ်နှစ် 90 ခန့်
မိမိညီအစ်ကိုကိုမုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:10ခရစ်နှစ် 90 ခန့်
မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည်ထိုသူ၌မရှိ။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:11ခရစ်နှစ် 90 ခန့်
မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်းကျင်လည်သွားလာ၏။ မှောင် မိုက်ကြောင့်သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:12ခရစ်နှစ် 90 ခန့်
ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး၍ပေးလိုက်၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:13ခရစ်နှစ် 90 ခန့်
အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:14ခရစ်နှစ် 90 ခန့်
အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။
- ရှင်ယောဟန်ဩဝါဒစာပဌမစောင် 2:15ခရစ်နှစ် 90 ခန့်
လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။