- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ကောလောသဲဩဝါဒစာ 1:1ခရစ်နှစ် 64 ခန့်
ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည်၊
- ကောလောသဲဩဝါဒစာ 1:2ခရစ်နှစ် 64 ခန့်
ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
- ကောလောသဲဩဝါဒစာ 1:3ခရစ်နှစ် 64 ခန့်
သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊
- ကောလောသဲဩဝါဒစာ 1:4ခရစ်နှစ် 64 ခန့်
သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့ အဘို့ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
- ကောလောသဲဩဝါဒစာ 1:5ခရစ်နှစ် 64 ခန့်
ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
- ကောလောသဲဩဝါဒစာ 1:6ခရစ်နှစ် 64 ခန့်
ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
- ကောလောသဲဩဝါဒစာ 1:7ခရစ်နှစ် 64 ခန့်
သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။
- ကောလောသဲဩဝါဒစာ 1:8ခရစ်နှစ် 64 ခန့်
သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။
- ကောလောသဲဩဝါဒစာ 1:9ခရစ်နှစ် 64 ခန့်
ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက် နေကြ၏။
- ကောလောသဲဩဝါဒစာ 1:10ခရစ်နှစ် 64 ခန့်
ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဉာဏ်တိုးပွါးခြင်း ရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊
- ကောလောသဲဩဝါဒစာ 1:11ခရစ်နှစ် 64 ခန့်
ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
- ကောလောသဲဩဝါဒစာ 1:12ခရစ်နှစ် 64 ခန့်
အလင်း၌နေသော သန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။
- ကောလောသဲဩဝါဒစာ 1:13ခရစ်နှစ် 64 ခန့်
မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။
- ကောလောသဲဩဝါဒစာ 1:14ခရစ်နှစ် 64 ခန့်
ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။
- ကောလောသဲဩဝါဒစာ 1:15ခရစ်နှစ် 64 ခန့်
ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
- ကောလောသဲဩဝါဒစာ 1:16ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပ အရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
- ကောလောသဲဩဝါဒစာ 1:17ခရစ်နှစ် 64 ခန့်
သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
- ကောလောသဲဩဝါဒစာ 1:18ခရစ်နှစ် 64 ခန့်
အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။
- ကောလောသဲဩဝါဒစာ 1:19ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊
- ကောလောသဲဩဝါဒစာ 1:20ခရစ်နှစ် 64 ခန့်
လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ၎င်း အလိုရှိတော်မူ၏။
- ကောလောသဲဩဝါဒစာ 1:21ခရစ်နှစ် 64 ခန့်
အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခုမိဿဟာယဖွဲ့စေတော်မူ၏။
- ကောလောသဲဩဝါဒစာ 1:22ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊
- ကောလောသဲဩဝါဒစာ 1:23ခရစ်နှစ် 64 ခန့်
တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။
- ကောလောသဲဩဝါဒစာ 1:24ခရစ်နှစ် 64 ခန့်
ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခု ဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။
- ကောလောသဲဩဝါဒစာ 1:25ခရစ်နှစ် 64 ခန့်
ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊