- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- တိမောသေဩဝါဒစာပဌမစောင် 1:1ခရစ်နှစ် 65 ခန့်
ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မြော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
- တိမောသေဩဝါဒစာပဌမစောင် 1:2ခရစ်နှစ် 65 ခန့်
ယုံကြည်ခြင်းအားဖြင့် ငါသားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ၏။ ငါတို့သခင် ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
- တိမောသေဩဝါဒစာပဌမစောင် 1:3ခရစ်နှစ် 65 ခန့်
ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍၊
- တိမောသေဩဝါဒစာပဌမစောင် 1:4ခရစ်နှစ် 65 ခန့်
ဧဖက်မြို့၌ နေရစ်စေခြင်းငှါ၊ ငါသည် မာကေဒေါနိပြည်သို့ သွား သောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။
- တိမောသေဩဝါဒစာပဌမစောင် 1:5ခရစ်နှစ် 65 ခန့်
ထိုသို့ပညတ်ထားခြင်း၏အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သောယုံကြည်ခြင်းနှင့်၎င်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း။
- တိမောသေဩဝါဒစာပဌမစောင် 1:6ခရစ်နှစ် 65 ခန့်
ထိုသို့သောအကျင့်ကိုလူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။
- တိမောသေဩဝါဒစာပဌမစောင် 1:7ခရစ်နှစ် 65 ခန့်
အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။
- တိမောသေဩဝါဒစာပဌမစောင် 1:8ခရစ်နှစ် 65 ခန့်
ပညတ်တရားကို တရားသဖြင့် ကျင့်သောသူ အဘို့မထား၊ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင် သောသူ၊ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊
- တိမောသေဩဝါဒစာပဌမစောင် 1:9ခရစ်နှစ် 65 ခန့်
ဘုရားတရားကို မရိုမသေ ပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကိုသုံးသောသူ၊
- တိမောသေဩဝါဒစာပဌမစောင် 1:10ခရစ်နှစ် 65 ခန့်
မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။
- တိမောသေဩဝါဒစာပဌမစောင် 1:11ခရစ်နှစ် 65 ခန့်
ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း။
- တိမောသေဩဝါဒစာပဌမစောင် 1:12ခရစ်နှစ် 65 ခန့်
ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
- တိမောသေဩဝါဒစာပဌမစောင် 1:13ခရစ်နှစ် 65 ခန့်
ငါသည်ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံရပြီ။
- တိမောသေဩဝါဒစာပဌမစောင် 1:14ခရစ်နှစ် 65 ခန့်
ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။
- တိမောသေဩဝါဒစာပဌမစောင် 1:15ခရစ်နှစ် 65 ခန့်
ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။
- တိမောသေဩဝါဒစာပဌမစောင် 1:16ခရစ်နှစ် 65 ခန့်
သို့သော်လည်း၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း၊ ငါ့ကိုသနားတော်မူပြီ။
- တိမောသေဩဝါဒစာပဌမစောင် 1:17ခရစ်နှစ် 65 ခန့်
လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။
- တိမောသေဩဝါဒစာပဌမစောင် 1:18ခရစ်နှစ် 65 ခန့်
ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။
- တိမောသေဩဝါဒစာပဌမစောင် 1:19ခရစ်နှစ် 65 ခန့်
ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။
- တိမောသေဩဝါဒစာပဌမစောင် 1:20ခရစ်နှစ် 65 ခန့်
ထိုသူတို့တွင် ဟုမေနဲနှင့်အာလေဇန္ဒြုပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင် ခြင်းငှါ သင်ရမည်အကြောင်း၊ စာတန်၏ လက်သို့ငါအပ်လိုက်ခဲ့ပြီ။
- တိမောသေဩဝါဒစာပဌမစောင် 2:1ခရစ်နှစ် 65 ခန့်
ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊
- တိမောသေဩဝါဒစာပဌမစောင် 2:2ခရစ်နှစ် 65 ခန့်
ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။
- တိမောသေဩဝါဒစာပဌမစောင် 2:3ခရစ်နှစ် 65 ခန့်
အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက် တော်မူသောအမှုလည်းဖြစ်၏။
- တိမောသေဩဝါဒစာပဌမစောင် 2:4ခရစ်နှစ် 65 ခန့်
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏။
- တိမောသေဩဝါဒစာပဌမစောင် 2:5ခရစ်နှစ် 65 ခန့်
ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။