- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:1ခရစ်နှစ် 90 ခန့်
အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက်၏။ ငါသည်သင်၌မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:2ခရစ်နှစ် 90 ခန့်
အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:3ခရစ်နှစ် 90 ခန့်
သင်သည်သမ္မာတရား၌ ကျင်လည်သည်အတိုင်း သင်၌ရှိသောသမ္မာတရား၏အကြောင်းကို ညီအစ်ကို တို့သည်လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:4ခရစ်နှစ် 90 ခန့်
ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:5ခရစ်နှစ် 90 ခန့်
အချင်းချစ်သူ၊ သင်သည်ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီ ပြုတတ်၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:6ခရစ်နှစ် 90 ခန့်
ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည်ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကိုပြုလိမ့်မည်။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:7ခရစ်နှစ် 90 ခန့်
အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:8ခရစ်နှစ် 90 ခန့်
ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:9ခရစ်နှစ် 90 ခန့်
အသင်းတော်ထံသို့မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:10ခရစ်နှစ် 90 ခန့်
ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည်။ ထိုသူ သည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲကနှင်ထုတ်တတ်၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:11ခရစ်နှစ် 90 ခန့်
အချင်းချစ်သူ၊ မကောင်းသောနည်းကို မလိုက်နှင့်၊ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:12ခရစ်နှစ် 90 ခန့်
လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏ သက်သေ ဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:13ခရစ်နှစ် 90 ခန့်
ငါရေးစရာအကြောင်းအများရှိသော်လည်း၊ မှင်နှင့် မှင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ၊
- ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:14ခရစ်နှစ် 90 ခန့်
မကြာမမြင့်မှီသင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက်၍ စကားပြောမည်ဟု မြော်လင့်လျက် နေ၏။ သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ရှိသောအဆွေတို့၏ နာမည်ကို ထုတ်၍နှုတ်ဆက်လော့။ ရှင်ယောဟန်ဩဝါဒစာတတိယစောင်ပြီး၏။