အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း၊ ဘုရား သခင်အား၎င်း ပြောစေ။

  2. ပရောဖက်နှစ်ယောက်ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြော၍ အခြားသော သူတို့သည် စစ်ကြော ဆင်ခြင်ကြစေ။

  3. ထိုင်လျက်နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ် စွာနေစေ။

  4. အကြောင်းမူကား၊ ရှိသမျှတို့သည် သင်ခြင်းငှါ၎င်း၊ ရှိသမျှတို့သည် သက်သာခြင်းငှါ၎င်း၊ သင်တို့ အသီးအသီး တယောက်နောက် တယောက်ပရောဖက် ပြုရသော အခွင့်ရှိကြ၏။

  5. ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။

  6. ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်း တို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။

  7. သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့ သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။

  8. မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်း တော်၌ ဟောပြောလျှင် ရှက်ဘွယ်သော အကြောင်း ဖြစ်၏။

  9. ဘုရားသခင်၏နှုတ်ကပတ် တရားတော်သည် သင်တို့မှ ထွက်သလော။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော။

  10. ငါသည်သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း ကို၊ ပရောဖက်ဖြစ်သောသူ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ။ တစုံတယောက် သော သူသည် မသိလျှင် မသိဘဲနေစေ။

  11. အချုပ်အခြာဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် ပရောဖက် ပြုခြင်းငှါ အလွန်အလိုရှိကြလော့။

  12. အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်း အမှုတို့ကိုလည်း မမြစ်တားကြနှင့်။

  13. ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။

  14. ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက်၏။

  15. အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင်၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။

  16. ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။

  17. သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။

  18. ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။

  19. ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။

  20. ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ၏။

  21. နောက်ဆုံး၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။

  22. ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။

  23. သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြား သော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။

  24. ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ၏။

  25. ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။