- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ကောရိန္သုဩဝါဒစာပဌမစောင် 15:13ခရစ်နှစ် 59 ခန့်
သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:14ခရစ်နှစ် 59 ခန့်
ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:15ခရစ်နှစ် 59 ခန့်
ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:16ခရစ်နှစ် 59 ခန့်
အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:17ခရစ်နှစ် 59 ခန့်
ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:18ခရစ်နှစ် 59 ခန့်
ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:19ခရစ်နှစ် 59 ခန့်
ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:20ခရစ်နှစ် 59 ခန့်
ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:21ခရစ်နှစ် 59 ခန့်
သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:22ခရစ်နှစ် 59 ခန့်
လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:23ခရစ်နှစ် 59 ခန့်
သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:24ခရစ်နှစ် 59 ခန့်
ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:25ခရစ်နှစ် 59 ခန့်
ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည်။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:26ခရစ်နှစ် 59 ခန့်
နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:27ခရစ်နှစ် 59 ခန့်
ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:28ခရစ်နှစ် 59 ခန့်
ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:29ခရစ်နှစ် 59 ခန့်
သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:30ခရစ်နှစ် 59 ခန့်
ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:31ခရစ်နှစ် 59 ခန့်
ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင် ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:32ခရစ်နှစ် 59 ခန့်
သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:33ခရစ်နှစ် 59 ခန့်
အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:34ခရစ်နှစ် 59 ခန့်
တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:35ခရစ်နှစ် 59 ခန့်
သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည်။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:36ခရစ်နှစ် 59 ခန့်
အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။
- ကောရိန္သုဩဝါဒစာပဌမစောင် 15:37ခရစ်နှစ် 59 ခန့်
ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။