- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ကောရိန္သုဩဝါဒစာပဌမစောင် 10:14ခရစ်နှစ် 59 ခန့်
ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:15ခရစ်နှစ် 59 ခန့်
သင်တို့ကို ပညာရှိသကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:16ခရစ်နှစ် 59 ခန့်
ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:17ခရစ်နှစ် 59 ခန့်
မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:18ခရစ်နှစ် 59 ခန့်
ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:19ခရစ်နှစ် 59 ခန့်
ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:20ခရစ်နှစ် 59 ခန့်
ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:21ခရစ်နှစ် 59 ခန့်
သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:22ခရစ်နှစ် 59 ခန့်
သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:23ခရစ်နှစ် 59 ခန့်
ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:24ခရစ်နှစ် 59 ခန့်
ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:25ခရစ်နှစ် 59 ခန့်
ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:26ခရစ်နှစ် 59 ခန့်
အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး နှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:27ခရစ်နှစ် 59 ခန့်
မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဘိတ်၍ သင်တို့သည် သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:28ခရစ်နှစ် 59 ခန့်
သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစုံတယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသော သူ၏မျက်နှာကို၎င်း၊ ဩတ္တပ္ပစိတ်ကို၎င်း၊ ထောက်၍ မစားကြနှင့်။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:29ခရစ်နှစ် 59 ခန့်
ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:30ခရစ်နှစ် 59 ခန့်
ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊
- ကောရိန္သုဩဝါဒစာပဌမစောင် 10:31ခရစ်နှစ် 59 ခန့်
သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
- ကောရိန္သုဩဝါဒစာပဌမစောင် 10:32ခရစ်နှစ် 59 ခန့်
လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊
- ကောရိန္သုဩဝါဒစာပဌမစောင် 10:33ခရစ်နှစ် 59 ခန့်
ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသ လူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊
- ကောရိန္သုဩဝါဒစာပဌမစောင် 11:1ခရစ်နှစ် 59 ခန့်
ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။
- ကောရိန္သုဩဝါဒစာပဌမစောင် 11:2ခရစ်နှစ် 59 ခန့်
ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ၌ ငါ့ကို အောက်မေ့၍၊ ငါအပ်ပေးသောနည်းဥပဒေတို့ကို စွဲလမ်း ကြသည်ဖြစ်၍ သင်တို့ကို ငါချီးမွမ်း၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 11:3ခရစ်နှစ် 59 ခန့်
ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည် ကို၎င်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 11:4ခရစ်နှစ် 59 ခန့်
ယောက်ျားမည်သည်ကား၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်း အသရေကို ရှုတ်ချ၏။
- ကောရိန္သုဩဝါဒစာပဌမစောင် 11:5ခရစ်နှစ် 59 ခန့်
မိန်းမမည်သည်ကား၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်း အသရေကိုရှုတ်ချ၏။