အကြောင်းအရာသို့ ကျော်သွားရန်

circa 1900–1700 BC

Jacob, Joseph & Egypt

Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.

840 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 30:38ခရစ်တော် မပေါ်မီ 1745 ခန့်

    ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက် ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ၏။

  2. ကမ္ဘာဦးကျမ်း 30:39ခရစ်တော် မပေါ်မီ 1745 ခန့်

    သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။

  3. ကမ္ဘာဦးကျမ်း 30:40ခရစ်တော် မပေါ်မီ 1745 ခန့်

    ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။

  4. ကမ္ဘာဦးကျမ်း 30:41ခရစ်တော် မပေါ်မီ 1745 ခန့်

    အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက်တွင် ထားတတ်၏။

  5. ကမ္ဘာဦးကျမ်း 30:42ခရစ်တော် မပေါ်မီ 1745 ခန့်

    အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသော အကောင်တို့မူ ကား၊ ယာကုပ်၏ ဥစ္စာဖြစ်လေ၏။

  6. ကမ္ဘာဦးကျမ်း 30:43ခရစ်တော် မပေါ်မီ 1745 ခန့်

    ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများ ရှိကြ၏။

  7. ကမ္ဘာဦးကျမ်း 31:1ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိ သမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သော စည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု၊ ဆိုကြသည်ကို ယာကုပ်ကြား၍၊

  8. ကမ္ဘာဦးကျမ်း 31:2ခရစ်တော် မပေါ်မီ 1739 ခန့်

    လာဗန်၏ မျက်နှာကို ကြည့်သောအခါ၊ ရှေ့က ကဲ့သို့ မဟုတ်၊ ခြားနားသည်ကို သိမြင်၏။

  9. ကမ္ဘာဦးကျမ်း 31:3ခရစ်တော် မပေါ်မီ 1739 ခန့်

    ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနေသော ပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါ သည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အား မိန့်တော် မူ၏။

  10. ကမ္ဘာဦးကျမ်း 31:4ခရစ်တော် မပေါ်မီ 1739 ခန့်

    ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်၊

  11. ကမ္ဘာဦးကျမ်း 31:5ခရစ်တော် မပေါ်မီ 1739 ခန့်

    သင်တို့အဘ၏ မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ ရှိတော်မူ၏။

  12. ကမ္ဘာဦးကျမ်း 31:6ခရစ်တော် မပေါ်မီ 1739 ခန့်

    သင်တို့ အဘ၏အမှုကို၊ ငါတတ်နိုင်သမျှ အတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။

  13. ကမ္ဘာဦးကျမ်း 31:7ခရစ်တော် မပေါ်မီ 1739 ခန့်

    သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သော အခကိုဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။

  14. ကမ္ဘာဦးကျမ်း 31:8ခရစ်တော် မပေါ်မီ 1739 ခန့်

    သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏ အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက် သောအကောင်တို့ကို မွေးကြ၏။ ကျားသော အကောင်တို့ သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှ တို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။

  15. ကမ္ဘာဦးကျမ်း 31:9ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုသို့ ဘုရားသခင်သည်၊ သင်တို့အဘ၏ တိရစ္ဆာန်တို့ကို နှုတ်၍ ငါ့အားပေးတော်မူပြီ။

  16. ကမ္ဘာဦးကျမ်း 31:10ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုတိရစ္ဆာန်များတို့သည်၊ ရှက်တင်ကြသော အခါ၊ ငါမြော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဘော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက်၌ ငါမြင် ရ၏။

  17. ကမ္ဘာဦးကျမ်း 31:11ခရစ်တော် မပေါ်မီ 1739 ခန့်

    ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟု ငါထူး၏။

  18. ကမ္ဘာဦးကျမ်း 31:12ခရစ်တော် မပေါ်မီ 1739 ခန့်

    သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကို ငါမြင် ၏။

  19. ကမ္ဘာဦးကျမ်း 31:13ခရစ်တော် မပေါ်မီ 1739 ခန့်

    ငါကား၊ သင်သည် မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌ သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခု ထ၍ ဤအရပ်မှ ထွက်သဖြင့်၊ အမျိုး သားချင်းတို့နေသော ပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊

  20. ကမ္ဘာဦးကျမ်း 31:14ခရစ်တော် မပေါ်မီ 1739 ခန့်

    ရာခေလနှင့် လေအာတို့က၊ အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ် သို့ အမွေခံရသေးသနည်း။

  21. ကမ္ဘာဦးကျမ်း 31:15ခရစ်တော် မပေါ်မီ 1739 ခန့်

    သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည့်မဟုတ်လော။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီ တကား။

  22. ကမ္ဘာဦးကျမ်း 31:16ခရစ်တော် မပေါ်မီ 1739 ခန့်

    ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူ သော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့ သားသမီး များ ဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် မှာထားတော်မူ သည်အတိုင်း ယခုတွင် ပြုပါလော့ဟုပြန်ပြောကြ၏။

  23. ကမ္ဘာဦးကျမ်း 31:17ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုအခါ ယာကုပ်သည်ထ၍၊ မိမိသားမယား တို့ကို ကုလားအုပ်ပေါ်မှာ စီးစေ၏။

  24. ကမ္ဘာဦးကျမ်း 31:18ခရစ်တော် မပေါ်မီ 1739 ခန့်

    မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာ တို့ကို ဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။

  25. ကမ္ဘာဦးကျမ်း 31:19ခရစ်တော် မပေါ်မီ 1739 ခန့်

    လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြား တပါးသို့ သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ် ရုပ်တုတို့ကို ခိုးယူလေ၏။