- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1900–1700 BC
Jacob, Joseph & Egypt
Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 30:13ခရစ်တော် မပေါ်မီ 1747 ခန့်
လေအားက၊ ငါ၌ မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏။
- ကမ္ဘာဦးကျမ်း 30:14ခရစ်တော် မပေါ်မီ 1748 ခန့်
ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသော အချိန် ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနု ဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ ၏။ ရာခေလကလည်း၊ သင်၏သား ရခဲ့သော အနုဆေးသီး အချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊
- ကမ္ဘာဦးကျမ်း 30:15ခရစ်တော် မပေါ်မီ 1748 ခန့်
လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက် မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ် လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို၏။
- ကမ္ဘာဦးကျမ်း 30:16ခရစ်တော် မပေါ်မီ 1748 ခန့်
ညဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသော အခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား၍၊ သင် သည် အကျွန်ုပ်ထံသို့ ဝင်ရမည်။ အကျွန်ုပ် ၏သားရခဲ့ သော အနုဆေးသီးနှင့် သင့်ကို အကျွန်ုပ်ငှါးသည် မှန်ပါ ၏ဟုဆိုသဖြင့်၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ၏။
- ကမ္ဘာဦးကျမ်း 30:17ခရစ်တော် မပေါ်မီ 1747 ခန့်
လေအာစကားကို ဘုရားသခင်နားထောင် တော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား ပဉ္စမသားကို ဘွားမြင်လေသော်၊
- ကမ္ဘာဦးကျမ်း 30:18ခရစ်တော် မပေါ်မီ 1747 ခန့်
ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏။
- ကမ္ဘာဦးကျမ်း 30:19ခရစ်တော် မပေါ်မီ 1747 ခန့်
တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊
- ကမ္ဘာဦးကျမ်း 30:20ခရစ်တော် မပေါ်မီ 1746 ခန့်
ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏။
- ကမ္ဘာဦးကျမ်း 30:21ခရစ်တော် မပေါ်မီ 1745 ခန့်
ထိုနောက်မှ သမီးကိုဘွား၍၊ ဒိနအမည်ဖြင့် မှည့်လေ၏။
- ကမ္ဘာဦးကျမ်း 30:22ခရစ်တော် မပေါ်မီ 1745 ခန့်
ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍၊ သားဘွားသောအခွင့်ကို ပေးတော်မူသဖြင့်၊
- ကမ္ဘာဦးကျမ်း 30:23ခရစ်တော် မပေါ်မီ 1745 ခန့်
သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ၍၎င်း၊
- ကမ္ဘာဦးကျမ်း 30:24ခရစ်တော် မပေါ်မီ 1745 ခန့်
ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏။
- ကမ္ဘာဦးကျမ်း 30:25ခရစ်တော် မပေါ်မီ 1745 ခန့်
ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသော နောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့။
- ကမ္ဘာဦးကျမ်း 30:26ခရစ်တော် မပေါ်မီ 1745 ခန့်
ကျွန်ုပ်သည် အစေခံ၍ရသော မယားနှင့်သား တို့ကို ဆောင်ယူ၍၊ သွားရသောအခွင့်ကို ပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊
- ကမ္ဘာဦးကျမ်း 30:27ခရစ်တော် မပေါ်မီ 1745 ခန့်
လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရ ဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။
- ကမ္ဘာဦးကျမ်း 30:28ခရစ်တော် မပေါ်မီ 1745 ခန့်
ငါပေးရမည်အခကို ပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊
- ကမ္ဘာဦးကျမ်း 30:29ခရစ်တော် မပေါ်မီ 1745 ခန့်
ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံသည် ကို၎င်း အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌အဘယ်သို့ ရှိနေသည်ကို၎င်း အဘသိပါ၏။
- ကမ္ဘာဦးကျမ်း 30:30ခရစ်တော် မပေါ်မီ 1745 ခန့်
အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခု တိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ၏။
- ကမ္ဘာဦးကျမ်း 30:31ခရစ်တော် မပေါ်မီ 1745 ခန့်
လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည် နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတခု ပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။
- ကမ္ဘာဦးကျမ်း 30:32ခရစ်တော် မပေါ်မီ 1745 ခန့်
ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား၍၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏ အခ ဖြစ်စေလော့။
- ကမ္ဘာဦးကျမ်း 30:33ခရစ်တော် မပေါ်မီ 1745 ခန့်
သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုး သော အကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။
- ကမ္ဘာဦးကျမ်း 30:34ခရစ်တော် မပေါ်မီ 1745 ခန့်
လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊
- ကမ္ဘာဦးကျမ်း 30:35ခရစ်တော် မပေါ်မီ 1745 ခန့်
အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေး လေ၏။
- ကမ္ဘာဦးကျမ်း 30:36ခရစ်တော် မပေါ်မီ 1745 ခန့်
ကိုယ်နေရာ အရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏သိုးဆိတ်များကို ထိန်းလျက် နေရ လေ၏။
- ကမ္ဘာဦးကျမ်း 30:37ခရစ်တော် မပေါ်မီ 1745 ခန့်
ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင်၊