အကြောင်းအရာသို့ ကျော်သွားရန်

circa 1900–1700 BC

Jacob, Joseph & Egypt

Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.

840 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 31:20ခရစ်တော် မပေါ်မီ 1739 ခန့်

    ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သော လာဗန်ကို ပရိယာယ်အားဖြင့် နိုင်လေ၏။

  2. ကမ္ဘာဦးကျမ်း 31:21ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ် တဘက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏။

  3. ကမ္ဘာဦးကျမ်း 31:22ခရစ်တော် မပေါ်မီ 1739 ခန့်

    ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သော နေ့၌ လာဗန်ကြားသိလျှင်၊

  4. ကမ္ဘာဦးကျမ်း 31:23ခရစ်တော် မပေါ်မီ 1739 ခန့်

    ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီး လိုက် သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ၏။

  5. ကမ္ဘာဦးကျမ်း 31:24ခရစ်တော် မပေါ်မီ 1739 ခန့်

    ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့် အချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ် အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။

  6. ကမ္ဘာဦးကျမ်း 31:25ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင် ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မှီသော အခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။

  7. ကမ္ဘာဦးကျမ်း 31:26ခရစ်တော် မပေါ်မီ 1739 ခန့်

    လာဗန်ကလည်း၊ သင်သည် အဘယ်သို့ ပြုသ နည်း။ စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွား သကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား။

  8. ကမ္ဘာဦးကျမ်း 31:27ခရစ်တော် မပေါ်မီ 1739 ခန့်

    ငါ့ကို လှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍ သီခြင်းဆိုလျက်၊ ပတ်သာနှင့် စောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ၊ အဘယ်ကြောင့် ငါ့ကိုမကြား မပြောဘဲ နေသနည်း။

  9. ကမ္ဘာဦးကျမ်း 31:28ခရစ်တော် မပေါ်မီ 1739 ခန့်

    ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ၊ အဘယ် ကြောင့် အခွင့်မပေးသနည်း။ သင်သည် မိုက်စွာ ပြုလေ ပြီတကား။

  10. ကမ္ဘာဦးကျမ်း 31:29ခရစ်တော် မပေါ်မီ 1739 ခန့်

    ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည် ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်။ သတိပြုလော့ဟု ငါ့အား မိန့်တော်မူ၏။

  11. ကမ္ဘာဦးကျမ်း 31:30ခရစ်တော် မပေါ်မီ 1739 ခန့်

    ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန် အောက် မေ့သောကြောင့်၊ သွားရသည် ဟုတ်စေတော့။ ငါ၏ ဘုရားတို့ကို အဘယ်ကြောင့် ခိုးယူခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။

  12. ကမ္ဘာဦးကျမ်း 31:31ခရစ်တော် မပေါ်မီ 1739 ခန့်

    ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏။

  13. ကမ္ဘာဦးကျမ်း 31:32ခရစ်တော် မပေါ်မီ 1739 ခန့်

    သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌ တွေ့ လျှင်၊ ထိုသူကို သေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ ယူပါလော့ဟု၊ လာဗန် အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ။

  14. ကမ္ဘာဦးကျမ်း 31:33ခရစ်တော် မပေါ်မီ 1739 ခန့်

    လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မ နှစ်ယောက်တို့၏ တဲသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှ ထွက်၍၊ ရာခေလတဲသို့ ဝင်လေ၏။

  15. ကမ္ဘာဦးကျမ်း 31:34ခရစ်တော် မပေါ်မီ 1739 ခန့်

    ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုပ် ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ် မှာ ထိုင်လျက်နေ၏။ လာဗန်သည် တတဲလုံးကို ရှာဖွေ၍ မတွေ့လျှင်၊

  16. ကမ္ဘာဦးကျမ်း 31:35ခရစ်တော် မပေါ်မီ 1739 ခန့်

    ရာခေလက၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအား ဆိုလေ၏။ ထိုသို့လာဗန်သည် ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။

  17. ကမ္ဘာဦးကျမ်း 31:36ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုအခါ ယာကုပ်သည် စိတ်ဆိုး၍ လာဗန်ကို ဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း။

  18. ကမ္ဘာဦးကျမ်း 31:37ခရစ်တော် မပေါ်မီ 1739 ခန့်

    ကျွန်ုပ်ဥစ္စာရှိသမျှကို ရှာဖွေသည်ဖြစ်၍၊ သင်၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့ သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာ စီရင်ပါစေ။

  19. ကမ္ဘာဦးကျမ်း 31:38ခရစ်တော် မပေါ်မီ 1739 ခန့်

    ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံး နေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည် ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကို ကျွန်ုပ်မစား။

  20. ကမ္ဘာဦးကျမ်း 31:39ခရစ်တော် မပေါ်မီ 1739 ခန့်

    သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာ ခိုးသည် ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။

  21. ကမ္ဘာဦးကျမ်း 31:40ခရစ်တော် မပေါ်မီ 1739 ခန့်

    နေ့အချိန်၌လည်း နေပူကို၎င်း၊ ညဉ့်အချိန်၌ လည်း နှင်းခဲကို၎င်း ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်း ခံရပြီ။

  22. ကမ္ဘာဦးကျမ်း 31:41ခရစ်တော် မပေါ်မီ 1739 ခန့်

    ထိုသို့၊ ကျွန်ုပ်သည် အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌ နေ၍၊ သင်၏သားသမီး နှစ်ယောက် အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက် ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။

  23. ကမ္ဘာဦးကျမ်း 31:42ခရစ်တော် မပေါ်မီ 1739 ခန့်

    ယခုလည်း ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာ ဘုရား သည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ် ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကို ဆုံးမတော်မူပြီဟု ဆိုလေ၏။

  24. ကမ္ဘာဦးကျမ်း 31:43ခရစ်တော် မပေါ်မီ 1739 ခန့်

    လာဗန်ကလည်း၊ ဤသမီးတို့သည် ငါ့သမီး ဖြစ်ကြ၏။ ဤသူငယ်တို့သည်၊ ငါ့သားဖြစ်ကြ၏။ ဤတိရစ္ဆာန်တို့လည်း၊ ငါ့တိရစ္ဆာန်ဖြစ်ကြ၏။ မြင်သမျှ သော ဥစ္စာသည် ငါ့ဥစ္စာဖြစ်၏။ ငါ့သမီးတို့၌၎င်း၊ သူတို့ ဘွားမြင်သော ငါ့သူငယ်တို့၌၎င်း၊ အဘယ်သို့ ငါပြုနိုင် သနည်း။

  25. ကမ္ဘာဦးကျမ်း 31:44ခရစ်တော် မပေါ်မီ 1739 ခန့်

    သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌ သက်သေ ဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အား ပြန်ပြော၏။