အကြောင်းအရာသို့ ကျော်သွားရန်

circa 1900–1700 BC

Jacob, Joseph & Egypt

Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.

840 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 29:23ခရစ်တော် မပေါ်မီ 1753 ခန့်

    ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ၏။

  2. ကမ္ဘာဦးကျမ်း 29:24ခရစ်တော် မပေါ်မီ 1753 ခန့်

    ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ၏။

  3. ကမ္ဘာဦးကျမ်း 29:25ခရစ်တော် မပေါ်မီ 1753 ခန့်

    နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန် ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟု ဆိုသော်၊

  4. ကမ္ဘာဦးကျမ်း 29:26ခရစ်တော် မပေါ်မီ 1753 ခန့်

    လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကို မပေးစားမှီ၊ အငယ်ကို မပေးစားရ။

  5. ကမ္ဘာဦးကျမ်း 29:27ခရစ်တော် မပေါ်မီ 1753 ခန့်

    ခုနစ်ရက်စေ့အောင် ငံ့ဦးလော့။ နောက်တဖန် ခုနစ်နှစ် အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊

  6. ကမ္ဘာဦးကျမ်း 29:28ခရစ်တော် မပေါ်မီ 1753 ခန့်

    ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။

  7. ကမ္ဘာဦးကျမ်း 29:29ခရစ်တော် မပေါ်မီ 1753 ခန့်

    ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။

  8. ကမ္ဘာဦးကျမ်း 29:30ခရစ်တော် မပေါ်မီ 1753 ခန့်

    ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍၊ လေအာကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန် ခုနစ်နှစ်အစေခံလေ၏။

  9. ကမ္ဘာဦးကျမ်း 29:31ခရစ်တော် မပေါ်မီ 1753 ခန့်

    လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏။ ရာခေလမူကား မြုံ၏။

  10. ကမ္ဘာဦးကျမ်း 29:32ခရစ်တော် မပေါ်မီ 1752 ခန့်

    လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း။

  11. ကမ္ဘာဦးကျမ်း 29:33ခရစ်တော် မပေါ်မီ 1751 ခန့်

    တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏။

  12. ကမ္ဘာဦးကျမ်း 29:34ခရစ်တော် မပေါ်မီ 1750 ခန့်

    တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟု ဆို၍၊ ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ၏။

  13. ကမ္ဘာဦးကျမ်း 29:35ခရစ်တော် မပေါ်မီ 1749 ခန့်

    တဖန် ပဋိသန္ဓေယူပြန်၍ သားကို ဘွားမြင် သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည် ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍ မဘွားဘဲနေ၏။

  14. ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ၏။

  15. ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ ပြန်ဆို ၏။

  16. ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာ ရှိပါ၏။ သူ့ထံသို့ ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆိုလျက်၊

  17. ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်း ငှါ အပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။

  18. ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်၊

  19. ကမ္ဘာဦးကျမ်း 30:6ခရစ်တော် မပေါ်မီ 1748 ခန့်

    ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကို ပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ၏။

  20. ကမ္ဘာဦးကျမ်း 30:7ခရစ်တော် မပေါ်မီ 1747 ခန့်

    တဖန် ရာခေလ၏ကျွန်မ ဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော်၊

  21. ကမ္ဘာဦးကျမ်း 30:8ခရစ်တော် မပေါ်မီ 1747 ခန့်

    ရာခေလက၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး၍ နိုင်ခဲ့ပြီဟု ဆို၍၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏။

  22. ကမ္ဘာဦးကျမ်း 30:9ခရစ်တော် မပေါ်မီ 1748 ခန့်

    လေအာသည် သားပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မ ဇိလပကို ယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။

  23. ကမ္ဘာဦးကျမ်း 30:10ခရစ်တော် မပေါ်မီ 1748 ခန့်

    လေအာ၏ ကျွန်မဇိလပသည်လည်း ယာကုပ် အား သားကိုဘွားမြင်သည်ရှိသော်၊

  24. ကမ္ဘာဦးကျမ်း 30:11ခရစ်တော် မပေါ်မီ 1748 ခန့်

    လေအာက၊ ကောင်းကျိုးလာသည်ဟု ဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။

  25. ကမ္ဘာဦးကျမ်း 30:12ခရစ်တော် မပေါ်မီ 1748 ခန့်

    တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ် အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော်၊