အကြောင်းအရာသို့ ကျော်သွားရန်

circa 1900–1700 BC

Jacob, Joseph & Egypt

Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.

840 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 26:26ခရစ်တော် မပေါ်မီ 1804 ခန့်

    ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော် အဟုဇာတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကို ခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။

  2. ကမ္ဘာဦးကျမ်း 26:27ခရစ်တော် မပေါ်မီ 1804 ခန့်

    ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကို မြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင်၊

  3. ကမ္ဘာဦးကျမ်း 26:28ခရစ်တော် မပေါ်မီ 1804 ခန့်

    ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊

  4. ကမ္ဘာဦးကျမ်း 26:29ခရစ်တော် မပေါ်မီ 1804 ခန့်

    ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသော်၊

  5. ကမ္ဘာဦးကျမ်း 26:30ခရစ်တော် မပေါ်မီ 1804 ခန့်

    ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကို လုပ်၍၊ အတူစားသောက်ကြ၏။

  6. ကမ္ဘာဦးကျမ်း 26:31ခရစ်တော် မပေါ်မီ 1804 ခန့်

    နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇက်သည်။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။

  7. ကမ္ဘာဦးကျမ်း 26:32ခရစ်တော် မပေါ်မီ 1804 ခန့်

    ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည် လာ၍၊ မိမိတို့ တူးသောတွင်း၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင်၊

  8. ကမ္ဘာဦးကျမ်း 26:33ခရစ်တော် မပေါ်မီ 1804 ခန့်

    ထိုရေတွင်းကို ရေဘအမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။

  9. ကမ္ဘာဦးကျမ်း 26:34ခရစ်တော် မပေါ်မီ 1796 ခန့်

    ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသား ဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။

  10. ကမ္ဘာဦးကျမ်း 26:35ခရစ်တော် မပေါ်မီ 1796 ခန့်

    ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ် နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။

  11. ကမ္ဘာဦးကျမ်း 27:1ခရစ်တော် မပေါ်မီ 1760 ခန့်

    ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။

  12. ကမ္ဘာဦးကျမ်း 27:2ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။

  13. ကမ္ဘာဦးကျမ်း 27:3ခရစ်တော် မပေါ်မီ 1760 ခန့်

    မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊

  14. ကမ္ဘာဦးကျမ်း 27:4ခရစ်တော် မပေါ်မီ 1760 ခန့်

    ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။

  15. ကမ္ဘာဦးကျမ်း 27:5ခရစ်တော် မပေါ်မီ 1760 ခန့်

    ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင်၊

  16. ကမ္ဘာဦးကျမ်း 27:6ခရစ်တော် မပေါ်မီ 1760 ခန့်

    ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍၊

  17. ကမ္ဘာဦးကျမ်း 27:7ခရစ်တော် မပေါ်မီ 1760 ခန့်

    သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ။

  18. ကမ္ဘာဦးကျမ်း 27:8ခရစ်တော် မပေါ်မီ 1760 ခန့်

    သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့။

  19. ကမ္ဘာဦးကျမ်း 27:9ခရစ်တော် မပေါ်မီ 1760 ခန့်

    ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။

  20. ကမ္ဘာဦးကျမ်း 27:10ခရစ်တော် မပေါ်မီ 1760 ခန့်

    သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။

  21. ကမ္ဘာဦးကျမ်း 27:11ခရစ်တော် မပေါ်မီ 1760 ခန့်

    ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ်၏။

  22. ကမ္ဘာဦးကျမ်း 27:12ခရစ်တော် မပေါ်မီ 1760 ခန့်

    ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ၏။

  23. ကမ္ဘာဦးကျမ်း 27:13ခရစ်တော် မပေါ်မီ 1760 ခန့်

    အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကား ကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း၊

  24. ကမ္ဘာဦးကျမ်း 27:14ခရစ်တော် မပေါ်မီ 1760 ခန့်

    သူသည် သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။

  25. ကမ္ဘာဦးကျမ်း 27:15ခရစ်တော် မပေါ်မီ 1760 ခန့်

    ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သော အဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊