အကြောင်းအရာသို့ ကျော်သွားရန်

circa 1900–1700 BC

Jacob, Joseph & Egypt

Jacob wrestles with God and becomes Israel; Joseph is sold into slavery yet rises to save the world from famine.

840 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 27:16ခရစ်တော် မပေါ်မီ 1760 ခန့်

    ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏ လက်၌၎င်း၊ လည်ပင်ချောသော ဘက်၌၎င်း ဆင်ယင်ပြီး လျှင်၊

  2. ကမ္ဘာဦးကျမ်း 27:17ခရစ်တော် မပေါ်မီ 1760 ခန့်

    မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက်၌အပ်ပေး၏။

  3. ကမ္ဘာဦးကျမ်း 27:18ခရစ်တော် မပေါ်မီ 1760 ခန့်

    ယာကုပ်လည်း အဘထံသို့ သွား၍၊ အဘဟု ခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား။ သင်သည် အဘယ်သူနည်းဟု မေး၏။

  4. ကမ္ဘာဦးကျမ်း 27:19ခရစ်တော် မပေါ်မီ 1760 ခန့်

    ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။

  5. ကမ္ဘာဦးကျမ်း 27:20ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်း ဟု သားအားမေးလျှင်၊ အဘ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။

  6. ကမ္ဘာဦးကျမ်း 27:21ခရစ်တော် မပေါ်မီ 1760 ခန့်

    ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊

  7. ကမ္ဘာဦးကျမ်း 27:22ခရစ်တော် မပေါ်မီ 1760 ခန့်

    ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘ သည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။

  8. ကမ္ဘာဦးကျမ်း 27:23ခရစ်တော် မပေါ်မီ 1760 ခန့်

    ထိုသို့သူ၏ လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့်၊ ကောင်းကြီးပေးလေ၏။

  9. ကမ္ဘာဦးကျမ်း 27:24ခရစ်တော် မပေါ်မီ 1760 ခန့်

    သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင်၊ မှန်ပါ သည်ဟု ဆို၏။

  10. ကမ္ဘာဦးကျမ်း 27:25ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကို လည်း ပေး၍ အဘသောက်လေ၏။

  11. ကမ္ဘာဦးကျမ်း 27:26ခရစ်တော် မပေါ်မီ 1760 ခန့်

    ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘ ကို နမ်းလေ၏။

  12. ကမ္ဘာဦးကျမ်း 27:27ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။

  13. ကမ္ဘာဦးကျမ်း 27:28ခရစ်တော် မပေါ်မီ 1760 ခန့်

    ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။

  14. ကမ္ဘာဦးကျမ်း 27:29ခရစ်တော် မပေါ်မီ 1760 ခန့်

    သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။

  15. ကမ္ဘာဦးကျမ်း 27:30ခရစ်တော် မပေါ်မီ 1760 ခန့်

    ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။

  16. ကမ္ဘာဦးကျမ်း 27:31ခရစ်တော် မပေါ်မီ 1760 ခန့်

    သူသည်လည်း အမဲဟင်းလျာကို ချက်၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကို ထ၍စားပါလော့ဟုဆိုလေ၏။

  17. ကမ္ဘာဦးကျမ်း 27:32ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊

  18. ကမ္ဘာဦးကျမ်း 27:33ခရစ်တော် မပေါ်မီ 1760 ခန့်

    အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူ့ကို ကောင်းကြီးပေးမိပြီ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။

  19. ကမ္ဘာဦးကျမ်း 27:34ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘဆိုသော စကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊

  20. ကမ္ဘာဦးကျမ်း 27:35ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။

  21. ကမ္ဘာဦးကျမ်း 27:36ခရစ်တော် မပေါ်မီ 1760 ခန့်

    ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍ နိုင်ပါပြီ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ။ ယခုလည်း တဖန် အကျွန်ုပ် ၏ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ၍၎င်း၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ၍၎င်း ဆိုလေ၏။

  22. ကမ္ဘာဦးကျမ်း 27:37ခရစ်တော် မပေါ်မီ 1760 ခန့်

    ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ် စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန်ပြောလျှင်၊

  23. ကမ္ဘာဦးကျမ်း 27:38ခရစ်တော် မပေါ်မီ 1760 ခန့်

    ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလောဟု အဘအား ပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။

  24. ကမ္ဘာဦးကျမ်း 27:39ခရစ်တော် မပေါ်မီ 1760 ခန့်

    အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏ နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်း ကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။

  25. ကမ္ဘာဦးကျမ်း 27:40ခရစ်တော် မပေါ်မီ 1760 ခန့်

    ထားဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင် သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။