အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ပဌမစောင် 15:24ခရစ်တော် မပေါ်မီ 1042 ခန့်

    ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။

  2. ရာဇဝင်ချုပ်ပဌမစောင် 15:25ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။

  3. ရာဇဝင်ချုပ်ပဌမစောင် 15:26ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။

  4. ရာဇဝင်ချုပ်ပဌမစောင် 15:27ခရစ်တော် မပေါ်မီ 1042 ခန့်

    ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။

  5. ရာဇဝင်ချုပ်ပဌမစောင် 15:28ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။

  6. ရာဇဝင်ချုပ်ပဌမစောင် 15:29ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။

  7. ရာဇဝင်ချုပ်ပဌမစောင် 16:1ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုသို့ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာ ယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။

  8. ရာဇဝင်ချုပ်ပဌမစောင် 16:2ခရစ်တော် မပေါ်မီ 1042 ခန့်

    မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ပူဇော်ခြင်း အမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရ ဘုရား၏နာမတော်ကို မြွက်၍ ပရိသတ်တို့ကို ကောင်းကြီး ပေးလေ၏။

  9. ရာဇဝင်ချုပ်ပဌမစောင် 16:3ခရစ်တော် မပေါ်မီ 1042 ခန့်

    ဣသရေလ လူယောက်ျားမိန်းမအပေါင်း တို့အား မုန့်တပြား၊ အမဲသားတတစ်၊ စပျစ်သီးပျဉ်တပြား စီ ဝေငှတော်မူ၏။

  10. ရာဇဝင်ချုပ်ပဌမစောင် 16:4ခရစ်တော် မပေါ်မီ 1042 ခန့်

    တဖန် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရား သခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထားတော်မူသော လေဝိ သားများဟူမူကား၊

  11. ရာဇဝင်ချုပ်ပဌမစောင် 16:5ခရစ်တော် မပေါ်မီ 1042 ခန့်

    ခွက်ကွင်းတီးသော အကြီးအကဲအာသပ်၊ သူ့ နောက်စောင်း တယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗ ဒေဒုံ၊ ယေလတစုနှင့်၊

  12. ရာဇဝင်ချုပ်ပဌမစောင် 16:6ခရစ်တော် မပေါ်မီ 1042 ခန့်

    ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ်ဗေနာယနှင့် ယဟာဇေလတည်း။

  13. ရာဇဝင်ချုပ်ပဌမစောင် 16:7ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုနေ့၌ဒါဝိဒ်သည် အာသပ်နှင့်သူ့ညီတို့အား အပ်သော ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊

  14. ရာဇဝင်ချုပ်ပဌမစောင် 16:8ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။

  15. ရာဇဝင်ချုပ်ပဌမစောင် 16:9ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့။

  16. ရာဇဝင်ချုပ်ပဌမစောင် 16:10ခရစ်တော် မပေါ်မီ 1042 ခန့်

    သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။

  17. ရာဇဝင်ချုပ်ပဌမစောင် 16:11ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။

  18. ရာဇဝင်ချုပ်ပဌမစောင် 16:12ခရစ်တော် မပေါ်မီ 1042 ခန့်

    စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူး ဆန်းသော အမှုတော်တို့နှင့်နှုတ်တော်ထွက် ပညတ်တို့ကို ၎င်း အောက်မေ့ကြလော့။

  19. ရာဇဝင်ချုပ်ပဌမစောင် 16:13ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရား၏ကျွန် ဣသရေလအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွှယ်တို့၊

  20. ရာဇဝင်ချုပ်ပဌမစောင် 16:14ခရစ်တော် မပေါ်မီ 1042 ခန့်

    ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ စီရင် ပိုင်တော်မူ၏။

  21. ရာဇဝင်ချုပ်ပဌမစောင် 16:15ခရစ်တော် မပေါ်မီ 1042 ခန့်

    ငါသည်သင်တို့အမွေခံရာဘို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ ဂတိထား၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။

  22. ရာဇဝင်ချုပ်ပဌမစောင် 16:16ခရစ်တော် မပေါ်မီ 1042 ခန့်

    ငါသည်သင်တို့အမွေခံရာဘို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ ဂတိထား၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။

  23. ရာဇဝင်ချုပ်ပဌမစောင် 16:17ခရစ်တော် မပေါ်မီ 1042 ခန့်

    ငါသည်သင်တို့အမွေခံရာဘို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ ဂတိထား၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။

  24. ရာဇဝင်ချုပ်ပဌမစောင် 16:18ခရစ်တော် မပေါ်မီ 1042 ခန့်

    ငါသည်သင်တို့အမွေခံရာဘို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ ဂတိထား၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။

  25. ရာဇဝင်ချုပ်ပဌမစောင် 16:19ခရစ်တော် မပေါ်မီ 1042 ခန့်