အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ပဌမစောင် 14:16ခရစ်တော် မပေါ်မီ 1047 ခန့်

    ဒါဝိဒ်သည် ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။

  2. ရာဇဝင်ချုပ်ပဌမစောင် 14:17ခရစ်တော် မပေါ်မီ 1047 ခန့်

    ဒါဝိဒ်သိတင်းသည်အတိုင်းတိုင်း အပြည်ပြည် တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကို ကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရားစီရင်တော်မူ၏။

  3. ရာဇဝင်ချုပ်ပဌမစောင် 15:1ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊

  4. ရာဇဝင်ချုပ်ပဌမစောင် 15:2ခရစ်တော် မပေါ်မီ 1042 ခန့်

    ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊

  5. ရာဇဝင်ချုပ်ပဌမစောင် 15:3ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊

  6. ရာဇဝင်ချုပ်ပဌမစောင် 15:4ခရစ်တော် မပေါ်မီ 1042 ခန့်

    အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊

  7. ရာဇဝင်ချုပ်ပဌမစောင် 15:5ခရစ်တော် မပေါ်မီ 1042 ခန့်

    ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊

  8. ရာဇဝင်ချုပ်ပဌမစောင် 15:6ခရစ်တော် မပေါ်မီ 1042 ခန့်

    မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊

  9. ရာဇဝင်ချုပ်ပဌမစောင် 15:7ခရစ်တော် မပေါ်မီ 1042 ခန့်

    ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊

  10. ရာဇဝင်ချုပ်ပဌမစောင် 15:8ခရစ်တော် မပေါ်မီ 1042 ခန့်

    ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ

  11. ရာဇဝင်ချုပ်ပဌမစောင် 15:9ခရစ်တော် မပေါ်မီ 1042 ခန့်

    ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊

  12. ရာဇဝင်ချုပ်ပဌမစောင် 15:10ခရစ်တော် မပေါ်မီ 1042 ခန့်

    ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။

  13. ရာဇဝင်ချုပ်ပဌမစောင် 15:11ခရစ်တော် မပေါ်မီ 1042 ခန့်

    ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊

  14. ရာဇဝင်ချုပ်ပဌမစောင် 15:12ခရစ်တော် မပေါ်မီ 1042 ခန့်

    သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။

  15. ရာဇဝင်ချုပ်ပဌမစောင် 15:13ခရစ်တော် မပေါ်မီ 1042 ခန့်

    အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။

  16. ရာဇဝင်ချုပ်ပဌမစောင် 15:14ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။

  17. ရာဇဝင်ချုပ်ပဌမစောင် 15:15ခရစ်တော် မပေါ်မီ 1042 ခန့်

    ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။

  18. ရာဇဝင်ချုပ်ပဌမစောင် 15:16ခရစ်တော် မပေါ်မီ 1042 ခန့်

    လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊

  19. ရာဇဝင်ချုပ်ပဌမစောင် 15:17ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊

  20. ရာဇဝင်ချုပ်ပဌမစောင် 15:18ခရစ်တော် မပေါ်မီ 1042 ခန့်

    မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။

  21. ရာဇဝင်ချုပ်ပဌမစောင် 15:19ခရစ်တော် မပေါ်မီ 1042 ခန့်

    သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။

  22. ရာဇဝင်ချုပ်ပဌမစောင် 15:20ခရစ်တော် မပေါ်မီ 1042 ခန့်

    ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။

  23. ရာဇဝင်ချုပ်ပဌမစောင် 15:21ခရစ်တော် မပေါ်မီ 1042 ခန့်

    မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။

  24. ရာဇဝင်ချုပ်ပဌမစောင် 15:22ခရစ်တော် မပေါ်မီ 1042 ခန့်

    လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။

  25. ရာဇဝင်ချုပ်ပဌမစောင် 15:23ခရစ်တော် မပေါ်မီ 1042 ခန့်

    ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။