အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ပဌမစောင် 17:2ခရစ်တော် မပေါ်မီ 1042 ခန့်

    နာသန်ကအကြံတော်ရှိသမျှအတိုင်း ပြုတော် မူပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။

  2. ရာဇဝင်ချုပ်ပဌမစောင် 17:3ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုညဉ့်တွင် ဘုရားသခင်၏နှုတ်ကပတ်တော် သည် ပရောဖက်နာသန်သို့ ရောက်၍၊

  3. ရာဇဝင်ချုပ်ပဌမစောင် 17:4ခရစ်တော် မပေါ်မီ 1042 ခန့်

    ငါ့ကျွန် ဒါဝိဒ်ထံသို့သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့အိမ်ကို မဆောက်ရ။

  4. ရာဇဝင်ချုပ်ပဌမစောင် 17:5ခရစ်တော် မပေါ်မီ 1042 ခန့်

    ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ကစ၍ ယနေ့တိုင်အောင်အိမ်နှင့်ငါမနေ။ တဲတခုမှတခုသို့ပြောင်း၍ တဲများတို့နှင့် နေပြီ။

  5. ရာဇဝင်ချုပ်ပဌမစောင် 17:6ခရစ်တော် မပေါ်မီ 1042 ခန့်

    ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာ အရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှါ၊ ငါစေခိုင်း သော ဣသရေလတရားသူကြီးတစုံ တယောက်အား၊ သင်သည် ငါ့အဘို့ အာရဇ်သစ်သားအိမ်ကို အဘယ် ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။

  6. ရာဇဝင်ချုပ်ပဌမစောင် 17:7ခရစ်တော် မပေါ်မီ 1042 ခန့်

    ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့် ကို ငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုး သော မင်းအရာ၌ ငါခန့်ထားပြီ။

  7. ရာဇဝင်ချုပ်ပဌမစောင် 17:8ခရစ်တော် မပေါ်မီ 1042 ခန့်

    သင်သွားလေရာရာ၌ ငါလိုက်၍၊ သင်၏ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့်၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင်၌ ဂုဏ်အသရေကို ငါပေး ပြီ။

  8. ရာဇဝင်ချုပ်ပဌမစောင် 17:9ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုမှတပါး၊ ငါ၏လူဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည်နောက်တဖန်မပြောင်း မလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသော သူတို့သည် ရှေးကာလ၌၎င်း၊

  9. ရာဇဝင်ချုပ်ပဌမစောင် 17:10ခရစ်တော် မပေါ်မီ 1042 ခန့်

    ငါ၏လူ ဣသရေလအမျိုး တရားသူကြီးတို့ကို ခန့်ထားသော ကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွှယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။

  10. ရာဇဝင်ချုပ်ပဌမစောင် 17:11ခရစ်တော် မပေါ်မီ 1042 ခန့်

    သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာ သို့ သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည် ထောင်မည်။

  11. ရာဇဝင်ချုပ်ပဌမစောင် 17:12ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုသားသည်ငါ့အဘို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲငါတည်စေမည်။

  12. ရာဇဝင်ချုပ်ပဌမစောင် 17:13ခရစ်တော် မပေါ်မီ 1042 ခန့်

    ငါသည်သူ၏ အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာရှိသော သူ၌ ငါ၏ ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။

  13. ရာဇဝင်ချုပ်ပဌမစောင် 17:14ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုသားကိုငါ့အိမ်၊ ငါ့နိုင်ငံ၌ အစဉ်အမြဲနေရာ ချမည်။သူ၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်ရ လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော် မူ၏။

  14. ရာဇဝင်ချုပ်ပဌမစောင် 17:15ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အားပြန် ပြောလေ၏။

  15. ရာဇဝင်ချုပ်ပဌမစောင် 17:16ခရစ်တော် မပေါ်မီ 1042 ခန့်

    ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော် မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ် ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း။

  16. ရာဇဝင်ချုပ်ပဌမစောင် 17:17ခရစ်တော် မပေါ်မီ 1042 ခန့်

    သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့ မှတ်တော်မူပါသည်တကား။

  17. ရာဇဝင်ချုပ်ပဌမစောင် 17:18ခရစ်တော် မပေါ်မီ 1042 ခန့်

    ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေ ခြင်းငှါ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။

  18. ရာဇဝင်ချုပ်ပဌမစောင် 17:19ခရစ်တော် မပေါ်မီ 1042 ခန့်

    အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကို ထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံစုံတို့ကို ပြုတော်မူပြီ။

  19. ရာဇဝင်ချုပ်ပဌမစောင် 17:20ခရစ်တော် မပေါ်မီ 1042 ခန့်

    သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ။

  20. ရာဇဝင်ချုပ်ပဌမစောင် 17:21ခရစ်တော် မပေါ်မီ 1042 ခန့်

    အဲဂုတ္တုပြည်မှရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူမျိုးရှေ့မှလူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုး နှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။

  21. ရာဇဝင်ချုပ်ပဌမစောင် 17:22ခရစ်တော် မပေါ်မီ 1042 ခန့်

    အကြောင်းမူကား၊ ကိုယ်တော်၏လူဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှါ ပြု၍၊ ကိုယ်တော်ထာဝရဘုရား သည်သူတို့ဘုရားသခင် ဖြစ်တော်မူ၏။

  22. ရာဇဝင်ချုပ်ပဌမစောင် 17:23ခရစ်တော် မပေါ်မီ 1042 ခန့်

    ယခုမှာအိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲ တည်ပါစေသော။ မိန့်တော်မူ သည်အတိုင်း ပြုတော်မူပါ။

  23. ရာဇဝင်ချုပ်ပဌမစောင် 17:24ခရစ်တော် မပေါ်မီ 1042 ခန့်

    ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုး၏ဘုရားသခင်ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေ သော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ်သည် ရှေ့တော်၌ တည်ပါစေသော။

  24. ရာဇဝင်ချုပ်ပဌမစောင် 17:25ခရစ်တော် မပေါ်မီ 1042 ခန့်

    အကြောင်းမူကား၊ အိုကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်က သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ပဌနာပြုချင်သော စိတ်ရှိပါ၏။

  25. ရာဇဝင်ချုပ်ပဌမစောင် 17:26ခရစ်တော် မပေါ်မီ 1042 ခန့်

    ယခုလည်း အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်မှန်တော်မူ၏။ဤကျေးဇူးကို ကိုယ်တော်ကျွန် ၌ ဂတိထားတော်မူပြီ။