အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။

  2. အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။

  3. ယွာဘသည်လည်းရှေ့၌၎င်း၊ နောက်၌၎င်း၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့တဘက်၌ စစ်ခင်းကျင်း၏။

  4. ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက်၊

  5. ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။

  6. ရဲရင့်သော စိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ၊

  7. သူ၌ပါသောလူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။

  8. ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။

  9. ရာဇဝင်ချုပ်ပဌမစောင် 19:16ခရစ်တော် မပေါ်မီ 1036 ခန့်

    ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တဘက်၌နေသော ရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။

  10. ရာဇဝင်ချုပ်ပဌမစောင် 19:17ခရစ်တော် မပေါ်မီ 1036 ခန့်

    ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက် သောအခါ၊

  11. ရာဇဝင်ချုပ်ပဌမစောင် 19:18ခရစ်တော် မပေါ်မီ 1036 ခန့်

    ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ၏။

  12. ရာဇဝင်ချုပ်ပဌမစောင် 19:19ခရစ်တော် မပေါ်မီ 1036 ခန့်

    ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တဖန် ရှုရိလူတို့ သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။

  13. ရာဇဝင်ချုပ်ပဌမစောင် 20:1ခရစ်တော် မပေါ်မီ 1035 ခန့်

    အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌နေလေ၏။

  14. ရာဇဝင်ချုပ်ပဌမစောင် 20:2ခရစ်တော် မပေါ်မီ 1035 ခန့်

    ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ၊ ဒါဝိဒ် သည် မင်းကြီး၏ သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။

  15. ရာဇဝင်ချုပ်ပဌမစောင် 20:3ခရစ်တော် မပေါ်မီ 1035 ခန့်

    မြို့သားတို့ကိုလည်း ထုတ်၍လွှတိုက်မှု၊သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။

  16. ရာဇဝင်ချုပ်ပဌမစောင် 20:4ခရစ်တော် မပေါ်မီ 1018 ခန့်

    နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကို သတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။

  17. ရာဇဝင်ချုပ်ပဌမစောင် 20:5ခရစ်တော် မပေါ်မီ 1018 ခန့်

    နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ ညီလာခမိကို သတ်လေ၏။

  18. ရာဇဝင်ချုပ်ပဌမစောင် 20:6ခရစ်တော် မပေါ်မီ 1018 ခန့်

    နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်၊

  19. ရာဇဝင်ချုပ်ပဌမစောင် 20:7ခရစ်တော် မပေါ်မီ 1018 ခန့်

    ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ် အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ်လေ ၏။

  20. ရာဇဝင်ချုပ်ပဌမစောင် 20:8ခရစ်တော် မပေါ်မီ 1018 ခန့်

    ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး သားဖြစ်၍ ဒါဝိဒ်နှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏။

  21. ရာဇဝင်ချုပ်ပဌမစောင် 21:1ခရစ်တော် မပေါ်မီ 1017 ခန့်

    နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။

  22. ရာဇဝင်ချုပ်ပဌမစောင် 21:2ခရစ်တော် မပေါ်မီ 1017 ခန့်

    ဒါဝိဒ်ကလည်း၊လူပေါင်းမည်မျှ ရှိသည်ကို ငါသိ မည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ ကိုရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့ သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ၏။

  23. ရာဇဝင်ချုပ်ပဌမစောင် 21:3ခရစ်တော် မပေါ်မီ 1017 ခန့်

    ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတရာ တိုးပွါးစေခြင်းငှါ ပြုတော်မူပါစေ သော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်း တို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ် ၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။

  24. ရာဇဝင်ချုပ်ပဌမစောင် 21:4ခရစ်တော် မပေါ်မီ 1017 ခန့်

    သို့သော်လည်း အမိန့်တော်သည် ယွာဘစကား ကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တရှောက်လုံးသို့ သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။

  25. ရာဇဝင်ချုပ်ပဌမစောင် 21:5ခရစ်တော် မပေါ်မီ 1017 ခန့်

    လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက်၍၊ ဣသ ရေလအမျိုး၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း၊ ယုဒ အမျိုး၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ၏။