အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏ နည်းတူငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို၏။

  2. လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ၏။

  3. သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။

  4. သူတပါးသည်သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။

  5. ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။

  6. သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် ဣသရေလလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည်အာဗြဲဟံ အမျိုးဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။

  7. သူတို့သည်ခရစ်တော်၏ ဓမ္မဆရာဖြစ်ကြသလော။ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူး သဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။

  8. ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တခု ယုတ်ငါခံခဲ့ရပြီ။

  9. သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။

  10. အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီး။ မြစ်ကို ကူးသောဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ် ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။

  11. ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ။

  12. ထိုအပမှုမှတပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ၏။

  13. ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း။

  14. ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။

  15. ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်သိတော်မူ၏။

  16. ဒမာသက်မြို့၌ အရေတ မင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကို ဘမ်းဆီးခြင်းငှါအလိုရှိ၍၊ ဒမာသက် မြို့ကိုစောင့်စဉ်တွင်၊

  17. တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။

  18. ငါသည်ဝါကြွားခြင်းကိုမပြုသင့်လျှင်၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည်။

  19. တဆယ်လေးနှစ်အထက်က၊ ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်း ကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါသူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။

  20. ထိုသူသည်ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည့် အကြောင်းကိုငါသိ၏။

  21. ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင်သိတော်မူ၏။

  22. ထိုသို့သောသူကို ဝါကြွားမည်။ နွမ်းရိအားနည်းခြင်းမှ တပါး ကိုယ်ဂုဏ်ကို မဝါကြွား။

  23. ဝါကြွားခြင်းငှါအလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြော တတ်၏။ တစုံတယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကိုကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ၏။

  24. ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ် ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။

  25. ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊