- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:10ခရစ်နှစ် 60 ခန့်
အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင် ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:11ခရစ်နှစ် 60 ခန့်
ငါတို့သည်ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:12ခရစ်နှစ် 60 ခန့်
ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:13ခရစ်နှစ် 60 ခန့်
ထိုမှတပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည် အတွင်းတွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်သို့တိုင်အောင်ပင်မှီ သတည်း။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:14ခရစ်နှစ် 60 ခန့်
သင်တို့တိုင်အောင်မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကိုဟောပြော၍၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:15ခရစ်နှစ် 60 ခန့်
ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင် တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:16ခရစ်နှစ် 60 ခန့်
ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင် တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:17ခရစ်နှစ် 60 ခန့်
သို့ဖြစ်၍ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 10:18ခရစ်နှစ် 60 ခန့်
အကြောင်းမူကား၊ ကိုယ်ကို ကိုယ်ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင် ဘုရားချီးမွမ်းတော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:1ခရစ်နှစ် 60 ခန့်
ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:2ခရစ်နှစ် 60 ခန့်
အကြောင်းမူကား၊ ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော် အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:3ခရစ်နှစ် 60 ခန့်
မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:4ခရစ်နှစ် 60 ခန့်
သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည်မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကိုနားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:5ခရစ်နှစ် 60 ခန့်
ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:6ခရစ်နှစ် 60 ခန့်
စကားအားဖြင့်လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:7ခရစ်နှစ် 60 ခန့်
သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရား သခင်၏ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:8ခရစ်နှစ် 60 ခန့်
သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:9ခရစ်နှစ် 60 ခန့်
သင်တို့နှင့်အတူရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:10ခရစ်နှစ် 60 ခန့်
ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည် ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:11ခရစ်နှစ် 60 ခန့်
အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:12ခရစ်နှစ် 60 ခန့်
အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:13ခရစ်နှစ် 60 ခန့်
အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင် ၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:14ခရစ်နှစ် 60 ခန့်
ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ်၏။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:15ခရစ်နှစ် 60 ခန့်
သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြ လတံ့။
- ကောရိန္သုဩဝါဒစာဒုတိယစောင် 11:16ခရစ်နှစ် 60 ခန့်
တဖန်ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။