အကြောင်းအရာသို့ ကျော်သွားရန်

circa 2100–1900 BC

Abraham: The Covenant

God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.

394 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 14:13ခရစ်တော် မပေါ်မီ 1913 ခန့်

    ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။

  2. ကမ္ဘာဦးကျမ်း 14:14ခရစ်တော် မပေါ်မီ 1913 ခန့်

    အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဘွား၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။

  3. ကမ္ဘာဦးကျမ်း 14:15ခရစ်တော် မပေါ်မီ 1913 ခန့်

    ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ၏။

  4. ကမ္ဘာဦးကျမ်း 14:16ခရစ်တော် မပေါ်မီ 1913 ခန့်

    ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများ နှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။

  5. ကမ္ဘာဦးကျမ်း 14:17ခရစ်တော် မပေါ်မီ 1913 ခန့်

    ခေဒေါရ လောမာနှင့်၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား၏။

  6. ကမ္ဘာဦးကျမ်း 14:18ခရစ်တော် မပေါ်မီ 1913 ခန့်

    အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊

  7. ကမ္ဘာဦးကျမ်း 14:19ခရစ်တော် မပေါ်မီ 1913 ခန့်

    ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေ သောဟု၊ အာဗြံကို ကောင်းကြီးပေး၍၊

  8. ကမ္ဘာဦးကျမ်း 14:20ခရစ်တော် မပေါ်မီ 1913 ခန့်

    သင်၏ ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ၏။

  9. ကမ္ဘာဦးကျမ်း 14:21ခရစ်တော် မပေါ်မီ 1913 ခန့်

    သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ၊ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောလိုလျှင်၊

  10. ကမ္ဘာဦးကျမ်း 14:22ခရစ်တော် မပေါ်မီ 1913 ခန့်

    အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။

  11. ကမ္ဘာဦးကျမ်း 14:23ခရစ်တော် မပေါ်မီ 1913 ခန့်

    အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။

  12. ကမ္ဘာဦးကျမ်း 14:24ခရစ်တော် မပေါ်မီ 1913 ခန့်

    အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။

  13. ကမ္ဘာဦးကျမ်း 15:1ခရစ်တော် မပေါ်မီ 1911 ခန့်

    ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊

  14. ကမ္ဘာဦးကျမ်း 15:2ခရစ်တော် မပေါ်မီ 1911 ခန့်

    အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာ သည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။

  15. ကမ္ဘာဦးကျမ်း 15:3ခရစ်တော် မပေါ်မီ 1911 ခန့်

    တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ ဘွားသောသူသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။

  16. ကမ္ဘာဦးကျမ်း 15:4ခရစ်တော် မပေါ်မီ 1911 ခန့်

    တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံ မဖြစ်ရ။ သင်၏ ကိုယ်ထဲက ထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊

  17. ကမ္ဘာဦးကျမ်း 15:5ခရစ်တော် မပေါ်မီ 1911 ခန့်

    အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

  18. ကမ္ဘာဦးကျမ်း 15:6ခရစ်တော် မပေါ်မီ 1911 ခန့်

    အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

  19. ကမ္ဘာဦးကျမ်း 15:7ခရစ်တော် မပေါ်မီ 1911 ခန့်

    တဖန်၊ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူလျှင်၊

  20. ကမ္ဘာဦးကျမ်း 15:8ခရစ်တော် မပေါ်မီ 1911 ခန့်

    အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ် အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။

  21. ကမ္ဘာဦးကျမ်း 15:9ခရစ်တော် မပေါ်မီ 1911 ခန့်

    ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသော နွားမတကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊

  22. ကမ္ဘာဦးကျမ်း 15:10ခရစ်တော် မပေါ်မီ 1911 ခန့်

    ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို အဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။

  23. ကမ္ဘာဦးကျမ်း 15:11ခရစ်တော် မပေါ်မီ 1911 ခန့်

    ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည် နှင်လေ၏။

  24. ကမ္ဘာဦးကျမ်း 15:12ခရစ်တော် မပေါ်မီ 1911 ခန့်

    နေဝင်သောအခါ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့် ခြင်းသို့ ရောက်လေ၏။

  25. ကမ္ဘာဦးကျမ်း 15:13ခရစ်တော် မပေါ်မီ 1911 ခန့်

    ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။