အကြောင်းအရာသို့ ကျော်သွားရန်

circa 2100–1900 BC

Abraham: The Covenant

God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.

394 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 15:14ခရစ်တော် မပေါ်မီ 1911 ခန့်

    သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။

  2. ကမ္ဘာဦးကျမ်း 15:15ခရစ်တော် မပေါ်မီ 1911 ခန့်

    သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည်။

  3. ကမ္ဘာဦးကျမ်း 15:16ခရစ်တော် မပေါ်မီ 1911 ခန့်

    လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိ အမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။

  4. ကမ္ဘာဦးကျမ်း 15:17ခရစ်တော် မပေါ်မီ 1911 ခန့်

    တဖန် နေဝင်၍ မိုက်သောအခါ၊ ခွဲထားသော အသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်း သော မီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏။

  5. ကမ္ဘာဦးကျမ်း 15:18ခရစ်တော် မပေါ်မီ 1911 ခန့်

    ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီး တည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကို ၎င်း၊

  6. ကမ္ဘာဦးကျမ်း 15:19ခရစ်တော် မပေါ်မီ 1911 ခန့်

    ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊

  7. ကမ္ဘာဦးကျမ်း 15:20ခရစ်တော် မပေါ်မီ 1911 ခန့်

    ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊

  8. ကမ္ဘာဦးကျမ်း 15:21ခရစ်တော် မပေါ်မီ 1911 ခန့်

    သင်၏ အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။

  9. ကမ္ဘာဦးကျမ်း 16:1ခရစ်တော် မပေါ်မီ 1912 ခန့်

    အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊

  10. ကမ္ဘာဦးကျမ်း 16:2ခရစ်တော် မပေါ်မီ 1912 ခန့်

    စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။

  11. ကမ္ဘာဦးကျမ်း 16:3ခရစ်တော် မပေါ်မီ 1911 ခန့်

    ထိုသို့အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။

  12. ကမ္ဘာဦးကျမ်း 16:4ခရစ်တော် မပေါ်မီ 1911 ခန့်

    အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ၏။

  13. ကမ္ဘာဦးကျမ်း 16:5ခရစ်တော် မပေါ်မီ 1911 ခန့်

    စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု၊ အာဗြံအား ဆိုလေ၏။

  14. ကမ္ဘာဦးကျမ်း 16:6ခရစ်တော် မပေါ်မီ 1911 ခန့်

    အာဗြံကလည်း၊ သင်၏ ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏။

  15. ကမ္ဘာဦးကျမ်း 16:7ခရစ်တော် မပေါ်မီ 1911 ခန့်

    ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင်၊

  16. ကမ္ဘာဦးကျမ်း 16:8ခရစ်တော် မပေါ်မီ 1911 ခန့်

    စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။

  17. ကမ္ဘာဦးကျမ်း 16:9ခရစ်တော် မပေါ်မီ 1911 ခန့်

    ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ၏။

  18. ကမ္ဘာဦးကျမ်း 16:10ခရစ်တော် မပေါ်မီ 1911 ခန့်

    တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန် များပြားစေမည်ဟူ၍၎င်း၊

  19. ကမ္ဘာဦးကျမ်း 16:11ခရစ်တော် မပေါ်မီ 1911 ခန့်

    သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။

  20. ကမ္ဘာဦးကျမ်း 16:12ခရစ်တော် မပေါ်မီ 1911 ခန့်

    သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။

  21. ကမ္ဘာဦးကျမ်း 16:13ခရစ်တော် မပေါ်မီ 1911 ခန့်

    ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။

  22. ကမ္ဘာဦးကျမ်း 16:14ခရစ်တော် မပေါ်မီ 1911 ခန့်

    ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း။

  23. ကမ္ဘာဦးကျမ်း 16:15ခရစ်တော် မပေါ်မီ 1910 ခန့်

    ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင်၏။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။

  24. ကမ္ဘာဦးကျမ်း 16:16ခရစ်တော် မပေါ်မီ 1910 ခန့်

    အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။

  25. ကမ္ဘာဦးကျမ်း 17:1ခရစ်တော် မပေါ်မီ 1897 ခန့်

    ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။