- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 2100–1900 BC
Abraham: The Covenant
God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 17:2ခရစ်တော် မပေါ်မီ 1897 ခန့်
ငါ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။
- ကမ္ဘာဦးကျမ်း 17:3ခရစ်တော် မပေါ်မီ 1897 ခန့်
အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
- ကမ္ဘာဦးကျမ်း 17:4ခရစ်တော် မပေါ်မီ 1897 ခန့်
ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
- ကမ္ဘာဦးကျမ်း 17:5ခရစ်တော် မပေါ်မီ 1897 ခန့်
နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။
- ကမ္ဘာဦးကျမ်း 17:6ခရစ်တော် မပေါ်မီ 1897 ခန့်
ငါသည် သင့်ကို အလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုး အနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
- ကမ္ဘာဦးကျမ်း 17:7ခရစ်တော် မပေါ်မီ 1897 ခန့်
ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။
- ကမ္ဘာဦးကျမ်း 17:8ခရစ်တော် မပေါ်မီ 1897 ခန့်
သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူသော၊ ခါနာန်ပြည်တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
- ကမ္ဘာဦးကျမ်း 17:9ခရစ်တော် မပေါ်မီ 1897 ခန့်
တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။
- ကမ္ဘာဦးကျမ်း 17:10ခရစ်တော် မပေါ်မီ 1897 ခန့်
သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။
- ကမ္ဘာဦးကျမ်း 17:11ခရစ်တော် မပေါ်မီ 1897 ခန့်
အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။
- ကမ္ဘာဦးကျမ်း 17:12ခရစ်တော် မပေါ်မီ 1897 ခန့်
သင်တို့ အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဘွားသောသူဖြစ်စေ၊ ကိုယ့် အမျိုးမဟုတ်။ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီး မင်္ဂလာကို ခံရမည်။
- ကမ္ဘာဦးကျမ်း 17:13ခရစ်တော် မပေါ်မီ 1897 ခန့်
ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။
- ကမ္ဘာဦးကျမ်း 17:14ခရစ်တော် မပေါ်မီ 1897 ခန့်
အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။
- ကမ္ဘာဦးကျမ်း 17:15ခရစ်တော် မပေါ်မီ 1897 ခန့်
တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကို မူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသော အမည်ဖြင့်ခေါ်ရ၏။
- ကမ္ဘာဦးကျမ်း 17:16ခရစ်တော် မပေါ်မီ 1897 ခန့်
သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အား သားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်း ကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ကြ လိမ့်မည်ဟု၊ အာဗြဟံအား မိန့်တော်မူ၏။
- ကမ္ဘာဦးကျမ်း 17:17ခရစ်တော် မပေါ်မီ 1897 ခန့်
ထိုအခါအာဗြဟံသည် ပြပ်ဝပ်လျက် အသက် တရာရှိသော သူသည် သားကို ရလိမ့်မည်လော။ အသက် ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လော ဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊
- ကမ္ဘာဦးကျမ်း 17:18ခရစ်တော် မပေါ်မီ 1897 ခန့်
ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေ သောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊
- ကမ္ဘာဦးကျမ်း 17:19ခရစ်တော် မပေါ်မီ 1897 ခန့်
ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည်။ သူ၌၎င်း သူ့နောက်မှ သူ၏ အမျိုးအနွယ်၌၎င်း ငါ၏ပဋိညာဉ်ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။
- ကမ္ဘာဦးကျမ်း 17:20ခရစ်တော် မပေါ်မီ 1897 ခန့်
ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွားစေ၍ သူ့ကို အလွှန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသော လူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည်။
- ကမ္ဘာဦးကျမ်း 17:21ခရစ်တော် မပေါ်မီ 1897 ခန့်
သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
- ကမ္ဘာဦးကျမ်း 17:22ခရစ်တော် မပေါ်မီ 1897 ခန့်
မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြံဟံမှ တက်ကြွတော်မူ၏။
- ကမ္ဘာဦးကျမ်း 17:23ခရစ်တော် မပေါ်မီ 1897 ခန့်
အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
- ကမ္ဘာဦးကျမ်း 17:24ခရစ်တော် မပေါ်မီ 1897 ခန့်
အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကို ခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။
- ကမ္ဘာဦးကျမ်း 17:25ခရစ်တော် မပေါ်မီ 1897 ခန့်
သားဣရှမေလသည် အရေဖျားလှီး မင်္ဂလာကို ခံသောအခါ၊ အသက်တဆယ်သုံးနှစ်ရှိ၏။
- ကမ္ဘာဦးကျမ်း 17:26ခရစ်တော် မပေါ်မီ 1897 ခန့်
တနေ့ခြင်းတွင် အာဗြဟံနှင့်သား ဣရှမေလ သည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။