Creation Era
The Tower of Babel
Scattered nations and confused languages mark the beginning of the diversity of peoples across the earth.
ဤကာလမှ အခန်းငယ်များ
ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့။
ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိုက်တည်း။
ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ် တော်ဂမတည်း။
- ကမ္ဘာဦးကျမ်း 10:4ခရစ်တော် မပေါ်မီ 2338 ခန့်
ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
- ကမ္ဘာဦးကျမ်း 10:5ခရစ်တော် မပေါ်မီ 2247 ခန့်
ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။
- ကမ္ဘာဦးကျမ်း 10:6ခရစ်တော် မပေါ်မီ 2228 ခန့်
ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။
- ကမ္ဘာဦးကျမ်း 10:7ခရစ်တော် မပေါ်မီ 2228 ခန့်
ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။
- ကမ္ဘာဦးကျမ်း 10:8ခရစ်တော် မပေါ်မီ 2289 ခန့်
ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။
- ကမ္ဘာဦးကျမ်း 10:9ခရစ်တော် မပေါ်မီ 2289 ခန့်
ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။
- ကမ္ဘာဦးကျမ်း 10:10ခရစ်တော် မပေါ်မီ 2259 ခန့်
သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။
- ကမ္ဘာဦးကျမ်း 10:11ခရစ်တော် မပေါ်မီ 2304 ခန့်
ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊
- ကမ္ဘာဦးကျမ်း 10:12ခရစ်တော် မပေါ်မီ 2304 ခန့်
နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။
- ကမ္ဘာဦးကျမ်း 10:13ခရစ်တော် မပေါ်မီ 2304 ခန့်
မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊
- ကမ္ဘာဦးကျမ်း 10:14ခရစ်တော် မပေါ်မီ 2304 ခန့်
ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း။
- ကမ္ဘာဦးကျမ်း 10:15ခရစ်တော် မပေါ်မီ 2304 ခန့်
ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။
- ကမ္ဘာဦးကျမ်း 10:16ခရစ်တော် မပေါ်မီ 2304 ခန့်
ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိ လူ၊
- ကမ္ဘာဦးကျမ်း 10:17ခရစ်တော် မပေါ်မီ 2304 ခန့်
ဟိဝိ လူ၊ အာကိလူ၊ သိနိလူ၊
- ကမ္ဘာဦးကျမ်း 10:18ခရစ်တော် မပေါ်မီ 2304 ခန့်
အာဝဒိ လူ၊ ဇေမရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ၏။
- ကမ္ဘာဦးကျမ်း 10:19ခရစ်တော် မပေါ်မီ 2304 ခန့်
ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။
- ကမ္ဘာဦးကျမ်း 10:20ခရစ်တော် မပေါ်မီ 2304 ခန့်
ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်အပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများ ဖြစ်သတည်း။
- ကမ္ဘာဦးကျမ်း 10:21ခရစ်တော် မပေါ်မီ 2304 ခန့်
ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။
- ကမ္ဘာဦးကျမ်း 10:22ခရစ်တော် မပေါ်မီ 2304 ခန့်
ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။
- ကမ္ဘာဦးကျမ်း 10:23ခရစ်တော် မပေါ်မီ 2304 ခန့်
အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။
- ကမ္ဘာဦးကျမ်း 10:24ခရစ်တော် မပေါ်မီ 2304 ခန့်
အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။
- ကမ္ဘာဦးကျမ်း 10:25ခရစ်တော် မပေါ်မီ 2247 ခန့်
ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။