- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Creation Era
The Tower of Babel
Scattered nations and confused languages mark the beginning of the diversity of peoples across the earth.
ဤကာလမှ အခန်းငယ်များ
- ကမ္ဘာဦးကျမ်း 10:26ခရစ်တော် မပေါ်မီ 2247 ခန့်
ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
- ကမ္ဘာဦးကျမ်း 10:27ခရစ်တော် မပေါ်မီ 2247 ခန့်
ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊
- ကမ္ဘာဦးကျမ်း 10:28ခရစ်တော် မပေါ်မီ 2207 ခန့်
ဩဗလအဘိမေလ၊ ရှေဘ၊
- ကမ္ဘာဦးကျမ်း 10:29ခရစ်တော် မပေါ်မီ 2207 ခန့်
ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။
- ကမ္ဘာဦးကျမ်း 10:30ခရစ်တော် မပေါ်မီ 2207 ခန့်
သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။
- ကမ္ဘာဦးကျမ်း 10:31ခရစ်တော် မပေါ်မီ 2207 ခန့်
ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း တို့၌နေသော ရှေမသားများဖြစ်သတည်း။
- ကမ္ဘာဦးကျမ်း 10:32ခရစ်တော် မပေါ်မီ 2207 ခန့်
ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။
- ကမ္ဘာဦးကျမ်း 11:1ခရစ်တော် မပေါ်မီ 2247 ခန့်
မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊
- ကမ္ဘာဦးကျမ်း 11:2ခရစ်တော် မပေါ်မီ 2247 ခန့်
အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။
- ကမ္ဘာဦးကျမ်း 11:3ခရစ်တော် မပေါ်မီ 2247 ခန့်
သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊
- ကမ္ဘာဦးကျမ်း 11:4ခရစ်တော် မပေါ်မီ 2247 ခန့်
လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
- ကမ္ဘာဦးကျမ်း 11:5ခရစ်တော် မပေါ်မီ 2247 ခန့်
ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။
- ကမ္ဘာဦးကျမ်း 11:6ခရစ်တော် မပေါ်မီ 2247 ခန့်
ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။
- ကမ္ဘာဦးကျမ်း 11:7ခရစ်တော် မပေါ်မီ 2247 ခန့်
လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
- ကမ္ဘာဦးကျမ်း 11:8ခရစ်တော် မပေါ်မီ 2247 ခန့်
ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။
- ကမ္ဘာဦးကျမ်း 11:9ခရစ်တော် မပေါ်မီ 2247 ခန့်
သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။
- ကမ္ဘာဦးကျမ်း 11:10ခရစ်တော် မပေါ်မီ 2346 ခန့်
ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:11ခရစ်တော် မပေါ်မီ 1846 ခန့်
အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:12ခရစ်တော် မပေါ်မီ 2311 ခန့်
အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:13ခရစ်တော် မပေါ်မီ 1908 ခန့်
ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:14ခရစ်တော် မပေါ်မီ 2281 ခန့်
ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:15ခရစ်တော် မပေါ်မီ 1878 ခန့်
ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:16ခရစ်တော် မပေါ်မီ 2247 ခန့်
ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:17ခရစ်တော် မပေါ်မီ 1817 ခန့်
ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
- ကမ္ဘာဦးကျမ်း 11:18ခရစ်တော် မပေါ်မီ 2217 ခန့်
ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။