Skip to content

Shinar

8 verses · 2 known names

အခြားအမည်: Babylonish

32.5300, 44.4200 Google Maps တွင် ကြည့်ရန်

Shinar ကို ဖော်ပြသော အခန်းငယ်များ

  1. သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။

  2. အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။

  3. ထိုရောအခါ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီးခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊

  4. ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ် မင်းကြီးတိဒလ၊ ရှိနာမင်းကြီး အံရဖေလ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။

  5. လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ကျွန်တော် တဲအတွင်း မြေ၌မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ၏။

  6. ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍၊ ကျန်ကြွင်းသော ကိုယ်တော်၏ လူတို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တုပြည်၊ ပါသရုပြည်၊ ကုရှပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ဟာမတ်ပြည်၊ ပင်လယ်တဘက်၌ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်။

  7. ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာ လက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ် နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်း သို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။

  8. ရှိနာပြည်၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။