Peleg
အခြားအမည်: Phalec
Peleg ကို ဖော်ပြသော အခန်းငယ်များ
ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။
ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။
ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။
ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။
ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင် လေ၏။ သားတယောက်ကား ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ၏လက်ထက်၌ မြေကြီးကို ခွဲဝေကြ ၏။ သူ၏ညီကား ယုတ္တန်အမည်ရှိ၏။
ဟေဗာ၊ ဖာလက်၊ ရာဂေါ၊
နာခေါ်အဘစေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘ ရှာလ၊