အကြောင်းအရာသို့ ကျော်သွားရန်

circa 2100–1900 BC

Abraham: The Covenant

God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.

394 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 22:2ခရစ်တော် မပေါ်မီ 1872 ခန့်

    သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။

  2. ကမ္ဘာဦးကျမ်း 22:3ခရစ်တော် မပေါ်မီ 1872 ခန့်

    အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။

  3. ကမ္ဘာဦးကျမ်း 22:4ခရစ်တော် မပေါ်မီ 1872 ခန့်

    သုံးရက်မြောက်သောနေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကို အဝေးက မြင်လျှင်၊

  4. ကမ္ဘာဦးကျမ်း 22:5ခရစ်တော် မပေါ်မီ 1872 ခန့်

    ငယ်သား နှစ်ယောက်ဘို့အား၊ သင်တို့သည် ဤအရုပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။

  5. ကမ္ဘာဦးကျမ်း 22:6ခရစ်တော် မပေါ်မီ 1872 ခန့်

    ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင် လျက်၊ နှစ်ယောက်အတူသွားကြ၏။

  6. ကမ္ဘာဦးကျမ်း 22:7ခရစ်တော် မပေါ်မီ 1872 ခန့်

    သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊

  7. ကမ္ဘာဦးကျမ်း 22:8ခရစ်တော် မပေါ်မီ 1872 ခန့်

    အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။

  8. ကမ္ဘာဦးကျမ်း 22:9ခရစ်တော် မပေါ်မီ 1872 ခန့်

    ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။

  9. ကမ္ဘာဦးကျမ်း 22:10ခရစ်တော် မပေါ်မီ 1872 ခန့်

    မိမိလက်ကို ဆန့်၍ သားကိုသတ်ခြင်းငှါ၊ ထားကို ကိုင်ယူလေ၏။

  10. ကမ္ဘာဦးကျမ်း 22:11ခရစ်တော် မပေါ်မီ 1872 ခန့်

    ထိုအခါ၊ ထာဝဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊

  11. ကမ္ဘာဦးကျမ်း 22:12ခရစ်တော် မပေါ်မီ 1872 ခန့်

    ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။

  12. ကမ္ဘာဦးကျမ်း 22:13ခရစ်တော် မပေါ်မီ 1872 ခန့်

    ထိုအခါ အာဗြဟံသည် မြော်ကြည့်၍ မိမိ နောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု၍ ပူဇော်လေ၏။

  13. ကမ္ဘာဦးကျမ်း 22:14ခရစ်တော် မပေါ်မီ 1872 ခန့်

    ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။

  14. ကမ္ဘာဦးကျမ်း 22:15ခရစ်တော် မပေါ်မီ 1872 ခန့်

    တဖန် ထာဝရဘုရား၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက်၊

  15. ကမ္ဘာဦးကျမ်း 22:16ခရစ်တော် မပေါ်မီ 1872 ခန့်

    သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အား မငြင်း သောကြောင့်၊

  16. ကမ္ဘာဦးကျမ်း 22:17ခရစ်တော် မပေါ်မီ 1872 ခန့်

    ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင်၏အမျိုးအနွှယ်ကိုလည်း ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။

  17. ကမ္ဘာဦးကျမ်း 22:18ခရစ်တော် မပေါ်မီ 1872 ခန့်

    သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။

  18. ကမ္ဘာဦးကျမ်း 22:19ခရစ်တော် မပေါ်မီ 1872 ခန့်

    ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။

  19. ကမ္ဘာဦးကျမ်း 22:20ခရစ်တော် မပေါ်မီ 1862 ခန့်

    ထိုနောက်မှ၊ အာဗြဟံကြားသော သိတင်းစကား ဟုမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဘွားမြင်လေပြီ။

  20. ကမ္ဘာဦးကျမ်း 22:21ခရစ်တော် မပေါ်မီ 1862 ခန့်

    သားအကြီးဟုဇ၊ သူ့ညီဗုဇ၊ အာရံအဘကေမွေလ၊

  21. ကမ္ဘာဦးကျမ်း 22:22ခရစ်တော် မပေါ်မီ 1862 ခန့်

    ခေသက်၊ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလတည်းဟူသော၊

  22. ကမ္ဘာဦးကျမ်း 22:23ခရစ်တော် မပေါ်မီ 1862 ခန့်

    သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ် ၏ မယားမိလအခါ ဘွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။

  23. ကမ္ဘာဦးကျမ်း 22:24ခရစ်တော် မပေါ်မီ 1862 ခန့်

    ရုမာ အမည်ရှိသော နာခေါ်၏ မယားငယ်သည်လည်း တေဘဂါဟံ၊ သဟာရှမာခါတို့ကို ဘွားမြင်လေ၏။

  24. ကမ္ဘာဦးကျမ်း 23:1ခရစ်တော် မပေါ်မီ 1860 ခန့်

    စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏။ ထိုမျှလောက် အသက်ကြီးသော်၊

  25. ကမ္ဘာဦးကျမ်း 23:2ခရစ်တော် မပေါ်မီ 1860 ခန့်

    ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။