အကြောင်းအရာသို့ ကျော်သွားရန်

circa 2100–1900 BC

Abraham: The Covenant

God calls Abram from Ur, establishes an everlasting covenant, and promises a son through whom all nations will be blessed.

394 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ကမ္ဘာဦးကျမ်း 23:3ခရစ်တော် မပေါ်မီ 1860 ခန့်

    အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ၍၊ ဟေသအမျိုးသားတို့အား၊

  2. ကမ္ဘာဦးကျမ်း 23:4ခရစ်တော် မပေါ်မီ 1860 ခန့်

    ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို၏။

  3. ကမ္ဘာဦးကျမ်း 23:5ခရစ်တော် မပေါ်မီ 1860 ခန့်

    ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နား ထောင်ပါ။

  4. ကမ္ဘာဦးကျမ်း 23:6ခရစ်တော် မပေါ်မီ 1860 ခန့်

    ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။

  5. ကမ္ဘာဦးကျမ်း 23:7ခရစ်တော် မပေါ်မီ 1860 ခန့်

    အာဗြဟံသည် ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊

  6. ကမ္ဘာဦးကျမ်း 23:8ခရစ်တော် မပေါ်မီ 1860 ခန့်

    ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နား ထောင်ကြပါလော့။

  7. ကမ္ဘာဦးကျမ်း 23:9ခရစ်တော် မပေါ်မီ 1860 ခန့်

    သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။

  8. ကမ္ဘာဦးကျမ်း 23:10ခရစ်တော် မပေါ်မီ 1860 ခန့်

    ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။

  9. ကမ္ဘာဦးကျမ်း 23:11ခရစ်တော် မပေါ်မီ 1860 ခန့်

    အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင် ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ်အမျိုးသားများ ရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။

  10. ကမ္ဘာဦးကျမ်း 23:12ခရစ်တော် မပေါ်မီ 1860 ခန့်

    အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။

  11. ကမ္ဘာဦးကျမ်း 23:13ခရစ်တော် မပေါ်မီ 1860 ခန့်

    ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ၊ ဧဖရုန် အား ပြောဆို၏။

  12. ကမ္ဘာဦးကျမ်း 23:14ခရစ်တော် မပေါ်မီ 1860 ခန့်

    ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။

  13. ကမ္ဘာဦးကျမ်း 23:15ခရစ်တော် မပေါ်မီ 1860 ခန့်

    ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။

  14. ကမ္ဘာဦးကျမ်း 23:16ခရစ်တော် မပေါ်မီ 1860 ခန့်

    အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။

  15. ကမ္ဘာဦးကျမ်း 23:17ခရစ်တော် မပေါ်မီ 1860 ခန့်

    ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊

  16. ကမ္ဘာဦးကျမ်း 23:18ခရစ်တော် မပေါ်မီ 1860 ခန့်

    ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏။

  17. ကမ္ဘာဦးကျမ်း 23:19ခရစ်တော် မပေါ်မီ 1860 ခန့်

    ထိုနောက်မှ အာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင် မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း။

  18. ကမ္ဘာဦးကျမ်း 23:20ခရစ်တော် မပေါ်မီ 1860 ခန့်

    ထိုလယ်ပြင်နှင့်မြေတွင်းကို၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ၏။

  19. ကမ္ဘာဦးကျမ်း 24:1ခရစ်တော် မပေါ်မီ 1857 ခန့်

    အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။

  20. ကမ္ဘာဦးကျမ်း 24:2ခရစ်တော် မပေါ်မီ 1857 ခန့်

    အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊

  21. ကမ္ဘာဦးကျမ်း 24:3ခရစ်တော် မပေါ်မီ 1857 ခန့်

    သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊

  22. ကမ္ဘာဦးကျမ်း 24:4ခရစ်တော် မပေါ်မီ 1857 ခန့်

    ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။

  23. ကမ္ဘာဦးကျမ်း 24:5ခရစ်တော် မပေါ်မီ 1857 ခန့်

    ကျွန်ကလည်း၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊

  24. ကမ္ဘာဦးကျမ်း 24:6ခရစ်တော် မပေါ်မီ 1857 ခန့်

    အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပြုလော့။

  25. ကမ္ဘာဦးကျမ်း 24:7ခရစ်တော် မပေါ်မီ 1857 ခန့်

    ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာပြည်မှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု၊ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။